Local
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ မှ ပုစွန်တန်ချိန် ၁၄,၀၀၀ ကျော်တင်ပို့နိုင်ခဲ့

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ ၁၁ လအတွင်း မြန်မာနိုင်ငံမှ ပုစွန်တန်ချိန် ၁၄,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကဆင်ဟွာသို့ပြောသည်။၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပင်လယ်ရေကြောင်းမှ ပုစွန်တန်ချိန် ၁၃,၅၆၄ တင်ပို့နိုင်ခဲ့ပြီး၊ နယ်စပ်မှတစ်ဆင့် ပုစွန်တန်ချိန် ၁,၀၄၀ တန်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တွင် ပုစွန်တန် ချိန် ၁၂,၇၂၃ တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၄.၇၈ ရာခိုင်နှုန်းခန့် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပုစွန်များကို တရုတ်နှင့် ဂျပန်အပါအဝင် နိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၁၁ လတာကာလအတွင်း ငါးနှင့် ပုစွန် အပါအဝင်ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၉၃.၉၁၇ သန်း ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ တိရစ္ဆာန်၊ ရေထွက်ကုန်၊ တွင်းထွက်ပစ္စည်းနှင့် သစ်တောထွက်ကုန်များအပြင် စက်မှုကုန်ချောပစ္စည်းများကိုလည်း တင်ပို့လျက်ရှိသည်။ (Xinhua)