Connect with us

Local

မြန်မာနိုင်ငံမှ ၁၁ လအတွင်း ပျားရည်တန်ချိန် ၁,၅၀၀ တင်ပို့နိုင်ခဲ့

ပျားရည်ပုလင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ ၁၁ လအတွင်း ပျားရည် ၁,၅၄၁.၀၈ တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၂.၃ သန်းကျော် ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော်က ယနေ့ မတ် ၁၆ ရက်တွင် ဆင်ဟွာသို့ပြောသည်။၂၀၂၂ ခုနှစ်၊ ဧပြီလ မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လ အထိ ပင်လယ်ရေကြောင်းမှတစ်ဆင့် ပျားရည်တန်ချိန် ၁,၅၂၇.၇၄ တန် တင်ပို့နိုင်ခဲ့ပြီး နယ်စပ်မှ တစ်ဆင့် ၁၃.၃၄ တန် တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ပျားရည်များကို တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်နိုင်ငံနှင့် စင်ကာပူနိုင်ငစသည့်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်အများဆုံးလုပ်ကိုင်ကြပြီး ပျားရည်၊ နိုင်ဂျာပျားရည်၊ နေကြာပျားရည်နှင့် ပန်းပျားရည်တို့ကို ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နှစ်စဉ် ပျားရည်တန်ချိန် ၇,၀၀၀ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ယမန်နှစ် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃ ရက်နေ့အတွင်း ပျားရည် အပါအဝင် မြန်မာနိုင်ငံမှ တိရစ္ဆာန်ထွက်ကုန်များ တင်ပို့ရောင်းချမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၉.၈၁ သန်းကျော်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ တိရစ္ဆာန်၊ ရေထွက်ကုန်၊ တွင်းထွက်ပစ္စည်းနှင့် သစ်တောထွက်ကုန်များအပြင် စက်မှုကုန်ချောပစ္စည်းများကိုလည်း တင်ပို့လျက်ရှိသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.