Local
မြန်မာနိုင်ငံက ၇ လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁.၅ သန်းကျော် တင်ပို့နိုင်ခဲ့
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမခုနစ်လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁.၅ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နိုဝင်ဘာ ၁၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၉၉ သန်း ဝင်ငွေရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားချက်အရ သိရသည်။မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ သန်းခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။ (Xinhua)
—————————–
English Version
Myanmar rice exports exceed 1.5 mln tons in 7 months
YANGON, Nov. 13 (Xinhua) — Myanmar exported more than 1.5 million tons of rice and broken rice in the first seven months of the current fiscal year 2025-2026, the state-owned Myanmar Radio and Television reported on Thursday.
The Southeast Asian country earned 499 million U.S. dollars from rice exports from April to October this year, it said, citing the Myanmar Rice Federation.
The federation aims to achieve 3 million tons of rice exports in the current fiscal year, it said. ■
