Business
ကမ္ဘာ့ ရွှေနှင့်ငွေ ဈေးနှုန်းများ ဆက်တိုက် အများအပြား ကျဆင်း
နယူးယောက်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းတွင် ကမ္ဘာ့ဈေးကွက်၌ ရွှေနှင့် ငွေ ဈေးနှုန်းများ ဆက်တိုက် အများအပြား ကျဆင်းခဲ့သည်။ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဧပြီလ Gold Futures ဈေးနှုန်းသည် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၈၀၀ အောက်သို့ ရောက်ရှိပြီး ကျဆင်းမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိခဲ့သလို မတ်လ Silver Futures ဈေးနှုန်းသည်လည်း အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၈၀ အောက်သို့ ရောက်ရှိပြီး ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ လျန်ယွင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများ စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ တယ်ချင်းခရိုင် ယွီယွဲ့မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများ စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
国际金价、银价,继续大幅下跌
美东时间30日下午,国际市场黄金、白银价格继续大幅下跌。纽约商品交易所4月黄金期价一度跌破每盎司4800美元关口,跌幅超过10%;3月白银期价一度跌破每盎司80美元关口,跌幅超过30%。
1. 1月29日,在浙江省湖州市长兴县雉城街道恒太九汇城的一家黄金店,店员在整理黄金饰品。新华社发(谭云俸摄)
2. 1月29日,在江苏省连云港市连云区的一家黄金店,店员在整理黄金饰品。新华社发(王春摄)
3. 1月29日,在浙江省湖州市德清县禹越镇的一家金店,店员在整理黄金首饰。新华社发(倪立芳摄)
