Connect with us

Business

ကမ္ဘာ့ အဖိုးတန်သတ္တုဈေးနှုန်းများ ထပ်မံကျဆင်း၊ ငွေဈေးနှုန်း သုံးရက်အတွင်း စုစုပေါင်း ၄၀ ရာခိုင်နှုန်းကျဆင်းလာ

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ လျန်ယွင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများ စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရွှေနှင့်ငွေဈေးနှုန်းများသည် ဖေဖော်ဝါရီ ၂ ရက်တွင် များစွာ ကျဆင်းခဲ့ရာ ၎င်းတို့အနက် Gold Futures ဈေးနှုန်းသည် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၅၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့သည်။
နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ Gold Futures ဈေးနှုန်းသည် ယင်းနေ့တွင် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၄၂၉.၂ အထိ ကျဆင်းခဲ့သလို Silver Futures ဈေးနှုန်းသည်လည်း အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၇၂.၃၅ အထိ ကျဆင်းခဲ့သည်။

ကမ္ဘာ့ရွှေနှင့်ငွေဈေးနှုန်းများသည် မကြာသေးမီက သမိုင်းစံချိန်သစ်တင်ပြီးနောက် ဈေးနှုန်းအတက်အကျကြမ်းခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်တွင် သမိုင်းတစ်လျှောက်အမြင့်ဆုံးစံချိန်တင်ခဲ့ခြင်းနှင့်နှိုင်းယှဉ်ပါက ဖေဖော်ဝါရီ ၂ ရက် ငွေဈေးနှုန်း (Silver Prices) ၏ အရောင်းအဝယ်အနိမ့်ဆုံးအမှတ်မှာ စုစုပေါင်း ၄၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီဖြစ်သလို ရွှေဈေးနှုန်း (Gold Prices) ၏ ကျဆင်းမှုအနေဖြင့် ၂၀ ရာခိုင်နှုန်းခန့် ရှိပြီ ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ ချန်ရှင်းခရိုင် ကျစ်ချိန်လမ်းရပ်ကွက် ဈေးဝယ်စင်တာတစ်ခုတွင် အရောင်းဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများ စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ရှောင်းဆန်းခရိုင် ကွားလိမြို့နယ်ရှိ Hangzhou Hangmin Baitai Jewel Limited Company ပြခန်းတွင် ဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများအား စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
国际贵金属价格再跳水 银价3天累计跌幅达40%
新华社北京2月2日电 国际黄金和白银价格2日大幅下跌,其中黄金期货价格一度回落至每盎司4500美元下方。
纽约商品交易所黄金期货价格当天一度跌至每盎司4429.2美元,白银期货价格一度跌至每盎司72.35美元。
国际黄金和白银价格近期刷新历史高点后出现剧烈波动。与1月29日创下的历史最高点相比,2日白银价格盘中低点的累计跌幅已达40%,金价累计跌幅约20%。(完)
1. 1月26日,江苏省连云港市连云区一家黄金店店员在整理黄金饰品。新华社发(王春 摄)
2. 1月26日,浙江省湖州市长兴县雉城街道一家商场柜员在整理黄金饰品。新华社发(谭云俸 摄)
3. 1月28日,员工在位于浙江省杭州市萧山区瓜沥镇的杭州航民百泰首饰有限公司展厅整理黄金首饰。新华社发(倪立芳摄)