Connect with us

Business

မြန်မာနိုင်ငံသည် ၆ လနီးပါးကာလအတွင်း ပဲတီစိမ်းတန်ချိန် ၂၃၉,၀၀၀ ကျော် တင်ပို့နိုင်ခဲ့

ရန်ကုန်မြို့ရှိ စက်ရုံတစ်ရုံတွင် ပဲတီစိမ်းနမူနာများကို ၂၀၂၃ ခုနှစ်၊ မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမခြောက်လနီးပါးကာလအတွင်း ပဲတီစိမ်း ၂၃၉,၁၉၁ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၁ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အောက်တိုဘာ ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ စက်ရုံတစ်ရုံတွင် ပဲတီစိမ်းများကို စိစစ်ရွေးချယ်နေသော အလုပ်သမားများအား၂၀၂၃ ခုနှစ်၊ မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၂၉ ရက်အထိ ပင်လယ်
ရေကြောင်းမှ ပဲတီစိမ်း တန်ချိန် ၁၈၃,၁၉၈ တန်ကျော် တင်ပို့ခဲ့ပြီး နယ်စပ်မှတစ်ဆင့် ပဲတီစိမ်းတန်ချိန် ၅၅,၉၉၂ တန်ကျော် တင်ပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက “ပဲတီစိမ်းဆိုရင် တရုတ်နိုင်ငံကိုပဲ အများဆုံးတင်ပို့ပါတယ်။ နောက်တခြား ဝယ်လက်ရှိရင် ရှိသလို တခြားနိုင်ငံတွေကိုလည်းတင်ပို့ရပါတယ်။ တရုတ်နိုင်ငံကို ပဲတီစိမ်း ပိုမိုတင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ် ” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၆ ရက်တွင်ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပဲမျိုးစုံ ၈၆၃,၃၆၆ တန်ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၁၅ သန်းကျော် ရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ပဲနှင့် ပဲမျိုးစုံသည် မြန်မာနိုင်ငံတွင် စပါးပြီးလျှင် ဒုတိယ အများဆုံး စိုက်ပျိုးသည့် သီးနှံဖြစ်ပြီး စုစုပေါင်း စိုက်ပျိုးမှု၏ ၃၀ ရာခိုင်နှုန်းကျော် ရှိကြောင်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲနှင့် ပဲမျိုးစုံကိုတရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.