Connect with us

Business

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၆ လတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပျားရည်မက်ထရစ်တန်ချိန် ၁,၂၀၀ ကျော် တင်ပို့နိုင်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၆ လတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပျားရည်မက်ထရစ်တန်ချိန် ၁,၂၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ပျားမွေးမြူရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၆ ရက်တွင်ပြောသည်။

ဦးစိုးနိုင်က “ကျွန်တော်တို့အနေနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လ အတွင်း ပျားရည် မက်ထရစ်တန်ချိန် ၁၂၅၃ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ပျားရည်တစ်တန်ကို အမေရိကန်ဒေါ်လာ ၁,၅၀၀ ဈေးရရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်ကို ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဆော်ဒီအော်ရေဗျနိုင်ငံ၊ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ကို အဓိက တင်ပို့နေရကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“ပျားမွေးမြူရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနအနေနဲ့ အမျိုးသားအဆင့်စောင့်ကြည့်တဲ့ စီမံကိန်းရှိတယ်။ အဲဒါကဈေးကွက်အတွက် အရည်အသွေးပိုင်းဆိုင်ရာအာမခံချက် အပြည့်ပေးနိုင်တဲ့အတွက် ဝယ်ယူမှုမြင့်တက်လာတာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပျားရည်တန်ချိန် ၁,၉၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၈ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကိုလည်း ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117