Connect with us

Business

မြန်မာ့ပင်လယ်ရေကြောင်းကုန်သွယ်မှု က ဖေဖော်ဝါရီ လလယ်အထိ ၁၀ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၂၂.၇ ဘီလီယံရရှိ

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ကွန်တိန်နာများကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

မြန်မာ့ပင်လယ်ရေကြောင်းကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိတွင် အမေရိကန်ဒေါ်လာ ၂၂.၇ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၉.၁၄၅ ဘီလီယံ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကိန်းဂဏန်းများအရ ယမန်နှစ် ဧပြီလမှစတင်သော ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၅၅၉ ဘီလီယံ တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေကြောင်း တင်ပို့မှု စုစုပေါင်း ဒေါ်လာ ၉.၃၉ ဘီလီယံကျော် ရှိသလိုသွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၈.၅၇ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ပင်လယ်ရေကြောင်းမှတစ်ဆင့် ပို့ကုန်နှင့် သွင်းကုန် နှစ်ခုစလုံးသည် ယမန်နှစ်ကာလတူထက်မြင့်တက်လာခဲ့ကြောင်း သိရသည်။

မတ်လအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ ကွန်တိန်နာတင်သင်္ဘော စုစုပေါင်း ၅၅ စင်း ဝင်ရောက်ရန် ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.