Connect with us

Business

မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုတန်ဖိုးမှာ ဒီဇင်ဘာလအထိ ၉ လတာအတွင်း အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီယံ ရှိ

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ရပ်ထားသည့် ကွန်တိန်နာတင်ကားများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ကိုးလတာကာလအတွင်း အာဆီယံနိုင်ငံများ နှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီယံကျော် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃. ၅၃၈ ဘီလီယံကျော်ရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆ .၇၇ ဘီလီယံကျော်ရှိကာ သွင်းကုန်မှာ ပို့ကုန်တင်ပို့မှုထက် သာလွန်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။

အဓိက တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှာ စိုက်ပျိုးရေး၊ရေထွက်ပစ္စည်း နှင့် တွင်းထွက်ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။ (Xinhua)