Business
မြန်မာနိုင်င်ငံက ၁၁ လတာကာလအတွင်း မတ်ပဲ ၆၄၁,၃၁၈ တန်ကျော် တင်ပို့နိုင်ခဲ့

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံမှ မတ်ပဲ ၆၄၁,၃၁၈ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းမင်းက ဆင်ဟွာသို့ ဧပြီ ၅ ရက်တွင်ပြောသည်။

ပဲစိုက်ခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)
၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၂၃ခုနှစ် မတ် ၂၄ ရက်အထိ မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၅၂၅.၀၈ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အပါအဝင် ပြည်ပနိုင်ငံများသို့ မတ်ပဲကို တင်ပို့နေပြီး မြန်မာနိုင်ငံမှ တင်ပို့သည့် ပဲနှင့် ပဲမျိုးစုံတို့အနက် မတ်ပဲကို အများဆုံးတင်ပို့နေရကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၁၁ လကျော်ကာလအတွင်း မတ်ပဲအပါအဝင် ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကျော် ရရှိခဲ့ကြောင်း တရားဝင်စာရင်းများအရ သိရသည်။
ပဲနှင့် ပဲမျိုးစုံသည် မြန်မာနိုင်ငံတွင် ဆန်စပါးပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသီးနှံဖြစ်ပြီး နိုင်ငံ၏ လယ်ယာထွက်ကုန် စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်း ရှိသည်။
မြန်မာနိုင်ငံတွင် မတ်ပဲ ၉၀ ရာခိုင်နှုန်းနီးပါးကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် စိုက်ပျိုးကြကြောင်း သိရသည်။ (Xinhua)