Connect with us

Business

ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်မြင့်တက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ လေယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ဖေဖော်ဝါရီလတွင် ယမန်နှစ်ကထက် ၂၈၈ ရာခိုင်နှုန်း တိုးလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့်က ဆင်ဟွာသို့ ဧပြီ ၄ ရက်တွင်ပြောသည်။
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်ပေါင်း ၅၀,၁၈၁ ဦးကို ဝင်ရောက်ခဲ့ပြီး၊ ယမန်နှစ် အလားတူကာလတွင် နိုင်ငံတကာခရီးသွားဧည့်သည် ၁၂,၉၂၅ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော နိုင်ငံတကာခရီးသွားဧည့်သည်များအနက် ၂၂,၆၂၃ ဦးက လေကြောင်းခရီးဖြင့် လာရောက်ခဲ့ပြီး ခရီးသွား၁၁ ဦးမှာမူ အပျော်စီးသင်္ဘောဖြင့် လာရောက်ခဲ့ကာ၊ ၂၇,၅၄၇ ဦးက နယ်စပ်မှတစ်ဆင့် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် ၂၃၃,၄၈၇ ဦးကို ဝင်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့COVID-19 ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် ခရီးသွား ၄.၃၆ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ နိုင်ငံတွင်း နိုင်ငံတကာခရီးသွားဧည့်သည်ဝင် ရောက်မှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၉၀၀,၀၀၀ ဦး နှင့် ၂၀၂၁ ခုနှစ်တွင် ၁၃၀,၀၀၀ ဦးအထိ သိသိသာသာ ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.