Connect with us

Business

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်ပမာဏ ၆.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာ

ရန်ကုန်ဆိပ်ကမ်းတစ်ခုတွင် ရပ်ထားသော ကုန်သေတ္တာတင်ကားများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆.၅၇ ဘီလီယံကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကအမေရိကန်ဒေါ်လာ ၁၅.၄၉ ဘီလီယံကျော်တင်ပို့နိုင်ငံခဲ့သောကြောင့် ၆.၉ ရာခိုင်နှုန်းခန့် တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းမင်းက ဆင်ဟွာသို့ ယနေ့ ဧပြီ ၈ ရက်တွင်ပြောသည်။

မြန်မာနိုင်ငံကတင်ပို့သည့် ကုန်ပစ္စည်းများအနက် ပင်လယ်ရေကြောင်းမှတစ်ဆင့် ဒေါ်လာ ၁၀.၄၈ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ပြီး၊ နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၆.၀၈ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အတွင်း စက်မှုထုတ်ကုန်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်ကုန်များ တင်ပို့မှု မြင့်တက်လာခြင်းကြောင့် ပို့ကုန် တိုးတက်လာရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်နှင့် ရေထွက်ကုန်ပစ္စည်းများ၊ တွင်းထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊စက်မှုထုတ်ကုန်ပစ္စည်းများကိုပြည်ပ မိတ်ဖက်နိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117