Connect with us

Business

မြန်မာနိုင်ငံသည် ၅ လအတွင်း မတ်ပဲ၂၇၉,၃၅၉ တန် တင်ပို့နိုင်ခဲ့

မတ်ပဲများအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမငါးလအတွင်း မတ်ပဲ ၂၇၉,၃၅၉ တန် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၃ ရက်တွင်ပြောသည်။

မတ်ပဲများအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက “ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းတွေ စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ပြီး ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ဖို့၊ ပြည်တွင်းကောက်ပဲသီးနှံဈေးကွက် တည်ငြိမ်ဖို့၊ ပဲမျိုးစုံကို ပြည်တွင်းဈေးကွက်မှာ ကြိုရောင်း၊ ကြိုဝယ် ဈေးကစားဆောင်ရွက်မှုတွေ မရှိစေဖို့ ပဲမျိုးစုံနဲ့ နှမ်းတွေကို ပြည်ပနိုင်ငံတွေကို တရားမဝင် တင်ပို့တဲ့ကိစ္စတွေကို အစိုးရနဲ့ လုပ်ငန်းရှင်တွေပူးပေါင်း တားဆီးဆောင်ရွက်ဖို့တွေကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက် မှ စက်တင်ဘာလ ၁ ရက်အထိ မြန်မာနိုင်ငံအနေဖြင့် မတ်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၁ သန်းကျော် ရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မတ်ပဲ၂၇၈,၁၃၁ တန်ကျော် တင်ပို့ခဲ့ပြီး ယင်းကာလအတွင်း နယ်စပ်လမ်းကြောင်းမှ မတ်ပဲ ၁,၂၂၈ တန်ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် မတ်ပဲကို ဆောင်းရာသီတွင် စိုက်ပျိုးကြပြီး မတ်လမှ ဧပြီလအတွင်း ရိတ်သိမ်းကြကြောင်း သိရသည်။

မြန်မာနိုင်ငံမှ မတ်ပဲအပါအဝင် မြန်မာ့ပဲမျိုးစုံ တင်ပို့မှုမှာ ယခုဘဏ္ဍာရေးနှစ် ငါးလတာကာလအတွင်း တန်ချိန် ၇၂၀,၉၁၉ ကျော်ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ပဲနှင့် ပဲမျိုးစုံကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.