Connect with us

Business

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ နိုင်ငံတကာ ခရီးသွားဧည့်သည် ၇၅၁,၂၁၆ ဦးဝင်ရောက်ခဲ့

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စောင့်ဆိုင်းနေကြသည့် ခရီးသည်များကို ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ နိုင်ငံတကာ ခရီးသွားဧည့်သည် စုစုပေါင်း ၇၅၁,၂၁၆ ဦး လာရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအတွင်း နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၅၅၈,၁၉၉ ဦး ဝင်ရောက်ခဲ့ပြီး လေကြောင်း မှတစ်ဆင့် နိုင်ငံတကာခရီးသွားဧည့်သည် ၁၉၃,၀၁၇ ဦး လာရောက်ခဲ့ကြောင်း အဆိုပါတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက “ဒီ ၈ လတာကာလ အတွင်းမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က မြန်မာနိုင်ငံကို အများဆုံးလာရောက်ခဲ့ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာ ၂၀၂၃ ခုနှစ် ရှစ်လတာကာလအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် တစ်နှစ်ပတ်လုံးတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၂၃၃,၄၈၇ ဦး သာလာရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ၄.၃၆ သန်းကျော်ကို ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117