Connect with us

Stock Market

ရန်ကုန်စတော့ အိတ်ချိန်း၌ ဒုတိယ အစုရှယ်ယာ ရောင်းချသော သီလဝါ ကုမ္ပဏီ၏ အစုရှယ်ယာများ ဝယ်လိုအား မြင့်တက်

မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌ ဦးဝင်းအောင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန် စတော့အိတ်ချိန်း (YSX) ၌ ယနေ့ စတင် ရောင်းချသော မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) ၏ အစုရှယ်ယာများ ဝယ်လိုအား မြင့်တက်လျက် ရှိကြောင်း ယနေ့ ဖွင့်ပွဲ အခမ်းအနားထံမှ သိရသည်။

အဆိုပါ ကုမ္ပဏီမှ ယနေ့ ရောင်းချသော အစုရှယ်ယာ အရေအတွက်သည် အစုရှယ်ယာ ၅,၀၀၀ သာရှိပြီး အစုရှယ်ယာ ဝယ်လိုသည့် အရေအတွက်သည် ငါးသိန်းခန့်ရှိသည်။

ယနေ့ သီလဝါ အထူးစီးပွားရေးဇုန်မှ စတင် ရောင်းချသော အစုရှယ်ယာသည် ကြမ်းခင်းဈေး အနေဖြင့် ရှယ်ယာ တစ်စုလျှင် ကျပ်ငွေ ၄၀,၀၀၀ ဖြင့် စတင် ရောင်းချရာ ရောင်းချရာတွင် အစုရှယ်ယာ တစ်စုလျှင် ကျပ်ငွေ ၅၀,၀၀၀ အထိ မြင့်တက်သွားသည်။

မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက်(MTSH) အား ၂၀၁၃ ခုနှစ်၊ မတ်လတွင် စတင် တည်ထောင်ခဲ့ပြီး ယခုအချိန်တွင် အစုရှယ်ယာရှင်ပေါင်း ၁၇,၉၉၀ ကျော်ရှိကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်နှင့် ပတ်ဝန်းကျင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးတွင် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) သည် ဆက်လက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုမ္ပဏီ၏ ကြီးပွား တိုးတက်ရေးကို ပိုမိုမြင့်မား ကောင်းမွန်စေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အစုရှယ်ယာရှင်များ၏ အစုရှယ်ယာ တန်ဘိုး ထပ်မံ မြင့်တက်လာစေရန် အခြားသော စီးပွားရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများလည်း ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန် စတော့အိတ်ချိန်း၌ ပထမဆုံးအကြိမ်အဖြစ် FMI ကုမ္ပဏီက မတ်လ ၂၅ ရက်၌ အစုရှယ်ယာများ စတင် ရောင်းချခဲ့ပြီး အဆိုပါ FMI ကုမ္ပဏီက ယနေ့ ဖွင့်ဈေး ကျပ် ၂၆,၀၀၀ ဖြင့် စတင် ရောင်းချရာ ၁၁ နာရီတွင် ကျပ် ၅,၀၀၀ တက်သွားကာ နောက်ဆုံး ဈေးပိတ်ချိန်၌ ရှယ်ယာတစ်စုလျှင် ကျပ် ၃၁,၀၀၀ ထိ ဖြစ်ခဲ့ပြီး ပထမ အကြိမ်တွင် စုစုပေါင်း အစုရှယ်ယာ ၄၂,၆၁၀ ရောင်းချနိုင်ခဲ့ပြီး ရှယ်ယာရောင်း ပမာဏ ကျပ်သန်း ၁,၃၂၁ သန်းရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.