Connect with us

Stock Market

ရန်ကုန် စတော့ အိတ်ချိန်းတွင် အရောင်းအဝယ် ပြုလုပ်မည့် MTSH ၏ အစုရှယ်ယာ ဈေးနှုန်းများ ထုတ်ပြန် ကြေညာ

ရန်ကုန်စတော့ အိတ်ချိန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန် စတော့အိတ်ချိန်း (YSX) တွင် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) ၏ အစုရှယ်ယာများအား ကြမ်းခင်းဈေး အနေဖြင့် ရှယ်ယာတစ်စုလျှင် ကျပ်ငွေ ၄၀,၀၀၀ ဖြင့် စတင် ရောင်းချ သွားမည် ဖြစ်ကြောင်း YSX မှ ယနေ့မေလ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) ၏ အစုရှယ်ယာများအား ရန်ကုန် စတော့အိတ်ချိန်း (YSX) တွင် မေလ ၂၀ ရက်မှ စတင်၍ ရောင်းချမည် ဖြစ်ကြောင်း ယနေ့ကြမ်းခင်းဈေး သတ်မှတ်ချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းချရာတွင် အစုရှယ်ယာ တစ်စုလျှင် ကျပ်ငွေ ၅၀,၀၀၀ အထိ မြင့်တက်နိုင်ခြေ ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ စတော့ အိတ်ချိန်းတွင် မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်ရာတွင် အဓိက အကြံပေး ဝန်ဆောင်မှု ကုမ္ပဏီအဖြစ် CB Securities ကုမ္ပဏီမှ ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီ၏ ရှယ်ယာများကို တာဝန်ယူ ဝန်ဆောင်မှု ပေးမည့် ကုမ္ပဏီမှာ CB အပါအဝင် ၅ ခု ရှိကြောင်း သိရသည်။ မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက်(MTSH) အား ၂၀၁၃ ခုနှစ်၊ မတ်လတွင် စတင်တည်ထောင်ခဲ့ပြီး ယခုအချိန်တွင် အစုရှယ်ယာရှင်ပေါင်း ၁၇,၉၉၀ ကျော်ရှိကြောင်း သိရသည်။ သီလဝါ အထူးစီးပွားရေးဇုန်နှင့် ပတ်ဝန်းကျင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတွင် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက်(MTSH) သည် ဆက်လက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုမ္ပဏီ၏ ကြီးပွား တိုးတက်ရေးကို ပိုမိုမြင့်မားကောင်းမွန်စေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစုရှယ်ယာရှင်များ၏ အစုရှယ်ယာတန်ဘိုး ထပ်မံ မြင့်တက်လာစေရန် အခြားသောစီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများလည်း ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.