China
ရှီကျင့်ဖိန်က ဗီယက်နမ်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော To Lam ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့၊ လီချန်က ဗီယက်နမ်နိုင်ငံ အစိုးရဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော Le Minh Hung ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် To Lam ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာကို ဧပြီ ၇ ရက်တွင် ပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်-ဗီယက်နမ် နှစ်နိုင်ငံသည် မဟာဗျူဟာမြောက်အနက်အဓိပ္ပာယ်ရှိသော အေးအတူ ပူအမျှ အသိုက်အဝန်း ဖြစ်ကြောင်း၊ ယခုနှစ်များတွင် ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အတူတကွ ဦးဆောင်မှုနှင့် တွန်းအားပေးမှုအောက်တွင် တရုတ်-ဗီယက်နမ် ဆက်ဆံရေးသည် ခုန်ပျံကျော်လွှားသည့် တိုးတက်မှုများကို ဖော်ဆောင်ပြီး ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်ရလဒ်များ ကြွယ်ဝရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသော အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း နှစ်ဖက်အနေဖြင့် အဆင့်မြင့်အလွှာ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှု ထိန်းသိမ်းထားပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံထောင့်စေ့ စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ “ရဲဘော်ရဲဘက်၊ ညီရင်းအစ်ကို” နက်ရှိုင်းသော ချစ်ကြည်ရေးကို အပြည့်အဝ ဖော်ပြလျက်ရှိကြောင်း ပြောကြားခဲ့သည်။
အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်နေသည့် ကမ္ဘာ့ရာစုနှစ်အပြောင်းအလဲများကို ရင်ဆိုင်ရာတွင် တရုတ်-ဗီယက်နမ် နှစ်ဖက် စည်းလုံညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် ပါတီနှစ်ရပ်၊ နိုင်ငံ နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားနှင့် လျော်ညီကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
မိမိအနေဖြင့် တရုတ်-ဗီယက်နမ် နှစ်ပါတီ၊ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားရာ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ To Lam နှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ကြိုးပမ်းရန်၊ တရုတ်-ဗီယက်နမ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှု စဉ်ဆက်မပြတ် ရှေ့သို့ တက်လှမ်းရေးအား ဦးဆောင်ရန်၊ ဆိုရှယ်လစ်ဝါဒ ကိုယ်စီလုပ်ငန်းများအား စဉ်ဆက်မပြတ် ကြီးမားစေရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ချမ်းသာသုခများ ပိုမိုဆောင်ကြဉ်းပေးရန်၊ ဒေသတွင်းသာမက ကမ္ဘာကြီးအတွက်ပါ တည်ငြိမ်မှုနှင့် အပြုသဘောစွမ်းအင်များ ဖြည့်တင်းပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က Le Minh Hung ထံသို့ ဗီယက်နမ်နိုင်ငံ အစိုးရ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။ သဝဏ်လွှာတွင် လီချန်က ဝန်ကြီးချုပ် Le Minh Hung နှင့်အတူ ပါတီနှစ်ရပ်၊ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီချက်ကို အခြေခံလေးစားလိုက်နာမှုအဖြစ် ထားရှိကာ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွား ပူးပေါင်းဆောင်ရွက်မှုအခင်းအကျင်းကို အရှိန်မြှင့်တင် တည်ဆောက်သွားရန်၊ မဟာဗျူဟာမြောက်အနက်အဓိပ္ပာယ်ရှိသော တရုတ်-ဗီယက်နမ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရေးအတွက် အပြုသဘောအကျိုးဆောင်သွားရန် ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် To Lam နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ အခြေစိုက်ရုံး၌ ၂၀၂၅ ခုနှစ် ဧပြီ ၁၄ ရက် ညနေပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
习近平致电祝贺苏林当选越南国家主席 李强致电祝贺黎明兴当选越南政府总理
新华社北京4月7日电 4月7日,中共中央总书记、国家主席习近平致电苏林,祝贺他当选越南国家主席。
习近平指出,中越两国是具有战略意义的命运共同体。近年来,在两党两国领导人共同引领和推动下,中越关系实现跨越式发展,全面战略合作成果丰硕,为两国人民带来实实在在的福祉。今年以来,双方保持高层战略沟通,持续推进全方位互利合作,充分彰显“同志加兄弟”的深厚情谊。
习近平强调,面对加速演进的世界百年变局,中越双方加强团结协作符合两党两国共同利益。我高度重视中越两党两国关系发展,愿同苏林总书记、国家主席一道努力,共谋发展振兴,引领中越命运共同体建设持续向前迈进,不断壮大各自社会主义事业,更好造福两国人民,为地区乃至世界注入稳定性和正能量。
同日,国务院总理李强致电祝贺黎明兴当选越南政府总理,表示愿同黎明兴总理一道努力,以两党两国最高领导人重要共识为根本遵循,加快构建互利共赢合作格局,为推进具有战略意义的中越命运共同体建设作出积极贡献。(完)
1. 2025年4月14日下午,中共中央总书记、国家主席习近平在越共中央驻地同越共中央总书记苏林举行会谈。新华社记者 李学仁 摄
