Connect with us

Agriculture

တရုတ်တွင် အကြီးစား ရေပေးဝေမှု စီမံကိန်း စတင်

တရုတ်ပြည် အလယ်ပိုင်းရှိ တန့်ကျန်းခို ရေလှောင်တမံအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝူဟန်၊ အောက်တိုဘာလ ၂၃ရက် (ဆင်ဟွာ)

အကြီးစား ရေပေးဝေမှု စီမံကိန်း အား တရုတ်နိုင်ငံ အလယ်ပိုင်း ဟူးပေ ပြည်နယ် တွင် အောက်တိုဘာလ ၂၂ရက်နေ့က စတင်ခဲ့ပြီး စီမံကိန်းပြီးဆုံးပါက ပြည်သူ ၅သန်းအား အကျုးိပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းတွင် ကီလိုမီတာ ၂၇၀ ရှည်လျားသော ရေသွယ်ပိုက်လိုင်းက တစ်နှစ်လျှင် ရေပမာဏ ၁.၄ ဘီလီယံ ကုဗမီတာ အား တန့်ကျင့်ခို ရေလှောင်ကန်မှ ဟူးပေပြည်နယ် မြောက်ပိုင်းရှိ ရှန့်ရောင်၊ ဆွေကျုံး၊ ရှောင့်ဂန် မြို့များသို့ ပေးဝေးသွားနိုင်မည် ဖြစ်ကြောင်းသိရသည်။

ဟူးပေပြည်နယ်၏ အကြီးမားဆုံး အဆိုပါရေပေးဝေမှု စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု တရုတ်ယွမ် ၁၈ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ) တန်ဖိုးရှိပြီး စီမံကိန်း ပြီးစီးရန်အတွက် အချိန် သုံးနှစ် နှင့် ကိုးလ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်း ပြီးဆုံးချိန်တွင် ပြည်သူ ၄.၈၂ သန်း နှင့် စိုက်ပျိုးမြေ ဧက ၃၁၀,၀၀၀ ဟက်တာအား ရေပေးေ၀ နိုင်မည်ဖြစ်ကြောင်း ဟူးပေပြည်နယ် ရေအရင်းအမြစ် ဋ္ဌာန အကြီးအကဲ ဝမ်ကျုံးဖား မှ ပြောကြားခဲ့သည်။

အဆိုပါ ယုံကြည်အားထားရသော ရေထောက်ပံ့မှုသည် မြို့ပြရေပေးဝေမှုကို အာမခံချက်ပေးနိုင်ခြင်း၊ သီးနှံထွက်နှုန်း သေချာစေခြင်း၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ကိုတိုးတက်ကောင်းမွန်စေခြင်း နှင့် ဆင်းရဲမွဲတေမှု တို့ကို လျော့ကျနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း ရေအရင်းအမြစ် ဝန်ကြီး ချမ်းလိုင်မှပြောကြားခဲ့သည်။

တန့်ကျင့်ခို ရေလှောင်ကန် သည် တောင်မှမြောက် ရေပေးဝေမှုစီမံကိန်းကြီး ၏ အလယ် လမ်းကြောင်း သို့ ထောက်ပံ့ပေးနေသည့် အရင်းအမြစ်ဖြစ်ပြီး ထို အလယ်လမ်းကြောင်း သည် ပေကျင်းနှင့် တျန်ကျင်း မြို့များအပါအဝင် မြောက်ပိုင်း ပြည်နယ်များနှင့် မြို့များသို့ ရေဖြန့်ဝေပေးနေခြင်း ဖြစ်ကြောင်းသိရသည်။ (Xinhua)