Connect with us

Culture & Entertainment

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မဟာတံတိုင်းအပိုင်း ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင် 

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Qianxi နယ်မြေရှိ တိမ်စိုင်များကြားက မဟာတံတိုင်းမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရှီးကျားကျွမ်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ မဟာတံတိုင်း (Great Wall) အပိုင်းတစ်ခု ပြုပြင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဒေသခံ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အာဏာပိုင်များက ပြောကြားခဲ့သည်။

နေ့ချိုးခရိုင်၊ ဟိုကျားကျွမ်းမြို့နယ်တွင် တည်ရှိသော မဟာတံတိုင်း၏ ဟဲ့သုလျင်အပိုင်းကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ခန့် မင်မင်းဆက်ခေတ် (၁၃၆၈-၁၆၄၄) က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာကြာ ပြုပြင်ခြင်းမရှိသည့်အတွက် ဂိတ်တံခါးတစ်ခု၊ လှေကားများနှင့် သူရဲခိုများ ပျက်စီးခဲ့ပြီး နံရံများမှာလည်း သစ်မြစ်များကြောင့် ပျက်စီးလျက်ရှိကြောင်း နေ့ချိုးနယ်မြေ ယဉ်ကျေးမှု၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ခရီးသွားလုပ်ငန်းဗျူရို၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် ကာကွယ်ရေးအရာရှိ ကျာချန်းဟွေး က ပြောခဲ့သည်။ 

ထို့နောက်တွင် ဒေသခံ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဌာနက မဟာတံတိုင်း၏ မီတာ ၁၅၀ ရှည်လျားသောအပိုင်းတစ်ခုအား ပြုပြင်ထိန်းသိမ်းရန် ပြည်နယ် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ဦးစီးဌာနမှ ရန်ပုံငွေ ယွမ် ၁ သန်း (အမေရိကန်ဒေါ်လာ ၁၄၁,၄၀၀) လျှောက်ထားခဲ့သည်။ 

၂၀၁၈ ခုနှစ်က ပထမအဆင့်အနေဖြင့် ပြိုကျသွားသော အဝင်တံခါး ပြင်ဆင်ခြင်းနှင့် နံရံများ၌ အမြစ်တွယ်နေသော သစ်မြစ်များကို ရှင်းလင်းခဲ့ကြောင်း ကျာက ဆိုသည်။ ဒုတိယအဆင့်ကို မေလကုန်ပိုင်းတွင် စတင်ခဲ့ပြီး ပြုပြင်သူများက ပြိုကျသောနံရံများ၊ ပျက်စီနေသောအပိုင်းများကို ရှင်းလင်းသွားမည်ဖြစ်ကာ ကျောက်လှေကားများကို တောင့်တင်းခိုင်မာစေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။ ဒုတိယအဆင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဇူလိုင်လအစောပိုင်းတွင် ပြီးစီးရန်မျှော်မှန်းထားကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.