Connect with us

Culture & Entertainment

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အနံ့ခံခွေးအဖြစ် တာဝန်ထမ်းဆောင်နေသော ခွေးငယ်လေး ဟေးဆာ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ပိုင်ဆန်းမြို့တွင် အနံ့ခံခွေးလေး ဟေးဆာနှင့် ၎င်း၏နည်းပြ ကျန်းဖုန်းတို့ လေ့ကျင့်ရေး ပြုလုပ်နေစဉ် (ဆင်ဟွာ)

ချန်ချွမ်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

အနံ့ခံ ခွေးလေး ဟေးဆာသည် ၎င်း၏နည်းပြ ကျန်းဖုန်းနှင့်အတူ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် Baishan မြို့တွင် နေထိုင်သည်မှာ ခြောက်လခန့်ရှိပြီဖြစ်သည်။ 

တာဝန်နားချိန်တွင် ချစ်စရာကောင်းသော အမွေးရှည်ခွေးလေးတစ်ကောင်အဖြစ်ရှိသော်လည်း မူးယစ်ဆေးဝါးရှာဖွေရေးတာဝန်ထမ်းဆောင်ချိန်တွင်မူ ၎င်းသည် ရဲရင့်သော အနက်ရောင် စစ်သည်တော် အဖြစ် ပြောင်းလဲသွားပေသည်။ 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ပိုင်ဆန်းမြို့တွင် အနံ့ခံခွေးလေး ဟေးဆာနှင့် ၎င်း၏နည်းပြ ကျန်းဖုန်းတို့ လေ့ကျင့်ရေး ပြုလုပ်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ပိုင်ဆန်းမြို့တွင် အနံ့ခံခွေးလေး ဟေးဆာနှင့် ၎င်း၏နည်းပြ ကျန်းဖုန်းတို့ လေ့ကျင့်ရေး ပြုလုပ်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ပိုင်ဆန်းမြို့တွင် အနံ့ခံခွေးလေး ဟေးဆာနှင့် ၎င်း၏နည်းပြ ကျန်းဖုန်းတို့ လေ့ကျင့်ရေး ပြုလုပ်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ပိုင်ဆန်းမြို့တွင် အနံ့ခံခွေးလေး ဟေးဆာနှင့် ၎င်း၏နည်းပြ ကျန်းဖုန်းတို့ လေ့ကျင့်ရေး ပြုလုပ်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ပိုင်ဆန်းမြို့တွင် အနံ့ခံခွေးလေး ဟေးဆာနှင့် ၎င်း၏နည်းပြ ကျန်းဖုန်းတို့ လေ့ကျင့်ရေး ပြုလုပ်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ပိုင်ဆန်းမြို့တွင် အနံ့ခံခွေးလေး ဟေးဆာနှင့် ၎င်း၏နည်းပြ ကျန်းဖုန်းတို့ လေ့ကျင့်ရေး ပြုလုပ်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ပိုင်ဆန်းမြို့တွင် အနံ့ခံခွေးလေး ဟေးဆာနှင့် ၎င်း၏နည်းပြ ကျန်းဖုန်းတို့ လေ့ကျင့်ရေး ပြုလုပ်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ပိုင်ဆန်းမြို့တွင် လေ့ကျင့်ရေးပြုလုပ်ပြီးနောက် အနားယူနေသော အနံ့ခံခွေးလေး ဟေးဆာအား တွေ့ရစဉ် (ဆင်ဟွာ) 

အခြားသော ရဲခွေး ၁၀ ကောင်နှင့် ၎င်းတို့၏နည်းပြများနှင့်အတူ ဟေးဆာသည် Baishan မြို့ နယ်စပ်တွင် ပထမဆုံး အဓိကရုဏ်းဆန့်ကျင်ရေးနှင့် မူးယစ်ဆေးဝါးရှာဖွေရေး ရဲခွေးတပ်ဖွဲ့အတွက် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ယင်းတပ်ဖွဲ့၏ အဓိကတာဝန်များတွင် မူးယစ်ဆေးဝါးရှာဖွေခြင်း၊ ကင်းလှည့်ခြင်း၊ သံသယရှိသောပစ္စည်းများ ခြေရာခံခြင်းနှင့် စစ်ဆေးခြင်း တာဝန်များ ပါဝင်သည်။ 

အဆိုပါ ရဲခွေးလေးများသည် ၎င်းတို့၏နည်းပြများလက်အောက်၌ ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးနောက် နယ်စပ်စစ်ဆင်ရေးများတွင် ယုံကြည်စိတ်ချရသော ရဲဘော်ရဲဘက်ခွေးလေးများ ဖြစ်လာခဲ့ကြသည်။  (Xinhua)