Culture & Entertainment
တရုတ်နန်းတော်ပြတိုက် ၏ ၈၀ရာခိုင်နှုန်းအား ၂၀၂၀မတိုင်မီ ဖွင့်လှစ်ပေးမည်

ပေကျင်း၊ နိုဝင်ဘာ ၄ရက် (ဆင်ဟွာ)
တားမြစ်မြို့တော် အဖြစ် လူသိများသည့် ပေကျင်းရှိ နန်းတော်ပြတိုက်၏ မြေနေရာ ၈၀ရာခိုင်နှုန်း အား အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ၂၀၂၀မတိုင်မီ ဖွင့်လှစ်ပေးသွားရန် စီစဉ်နေကြောင်း ပြတိုက်ဒါရိုက်တာ Shan Jixiang က နိုဝင်ဘာ ၃ရက်တွင်ပြောကြားခဲ့သည်။
အဆိုပါ မင်းဧကရာဇ်နန်းတော် ၏ မြေနေရာများအား မကြာသေးမီနှစ်များက ပိုမိုတိုးချဲ့ပြသခဲ့ပြီး ၂၀၁၄ခုနှစ်တွင် မြေနေရာ ၅၀ရာခိုင်နှုန်းကျော်၊ ၂၀၁၅ခုနှစ်တွင် မြေနေရာ ၆၅ရာခိုင်နှုန်း၊ ၂၀၁၆ခုနှစ်တွင် ၇၆ရာခိုင်နှုန်း အသီးသီး တိုးချဲ့ပြသနိုင်ခဲ့ကြောင်း သိရသည်။
လာမည့်လေးနှစ်အတွင်း အချို့သော စီမံခန့်ခွဲမှု နှင့် ထောက်ပံ့ရေး အဆောက်အအုံ များအား ဖယ်ရှားသွားမည်ဖြစ်ပြီး ပုဂ္ဂလိက မော်တော်ယာဉ် အားလုံးကိုလည်း ပိတ်ပင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
နန်းတော်ပြတိုက်အား ပိုမိုမြင်သာစေရန် ဈေးဆိုင်များ နှင့် စားသောက်ဆိုင်များအပါအဝင် စီးပွားရေး လုပ်ငန်းများကို လည်း ပိတ်ပင်သွားမည်ဖြစ်သည်။
နန်းတော်အတွင်းရှိ ရေခဲသိုလှောင်အိမ် လေးခုကို ကော်ဖီဆိုင်အဖြစ်ဖွင့်လှစ်သွားမည်ဖြစ်ကာ ယင်းဆိုင်၌ လူ ၃၀၀ဦး တစ်ပြိုင်နက်တည်း ညစာသုံးဆောင်နိုင်ကြောင်း သိရသည်။ (Xinhua)