Connect with us

Culture & Entertainment

ပေကျင်းအရှေ့ဘက်တွင် ရှေးဟောင်းအုတ်ဂူပေါင်း ၁,၀၉၂ခု တူးဖော်တွေ့ရှိ

ရှေးဟောင်းပစ္စည်းများအား တူးဖော်နေသည့် နေရာတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော် အုပ်ချုပ်ရေးဆိုင်ရာစင်တာသစ် တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရှေးဟောင်းအုတ်ဂူပေါင်း ၁,၀၉၂ခု အား တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက နိုဝင်ဘာ ၂၄ရက်တွင် ပြောကြားခဲ့သည်။

ရှေးဟောင်းအုတ်ဂူများ၏ သက်တမ်းသည် Warring States (၄၇၄ဘီစီ-၂၂၁ဘီစီ) မှ ချင်မင်းဆက် (၁၆၄၄ခုနှစ်-၁၉၁၁ခုနှစ်) အထိဖြစ်ကြောင်း ယဉ်ကျေးမှုအမွေအနှစ်များဆိုင်ရာ ပေကျင်းမြို့တော်စည်ပင်သာယာရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ ၏ ဖော်ပြချက်အရသိရသည်။ယဉ်ကျေးမှုအမွေအနှစ်များဆိုင်ရာ ပေကျင်းမြို့တော်စည်ပင်သာယာရေးနှင့် အုပ်ချုပ်ရေးအဖွဲ့သည် ရှေးဟောင်းမြို့နေရာတစ်ခု နှင့် မီးဖို ၆၉လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလနှောင်းပိုင်း အထိ ၇လအတွင်း ရှေးဟောင်းအိုးများ၊ ကြွေထည်များ၊ ကြေးပစ္စည်းများနှင့် သံထည်များအပါအဝင် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်းပေါင်း ၁၀,၀၀၀ ကျော်အား Tongzhouခရိုင် Luchengမြို့နယ် ၌တူးဖော်ရရှိခဲ့ကြောင်း အဖွဲ့ကပြောကြားခဲ့သည်။မြေဧရိယာ ၁သန်းစတုရန်းမီတာအား ဖော်ထုတ်ခဲ့ပြီး ၄၀,၀၀၀ စတုရန်းမီတာအား တူးဖော်ပြီးဖြစ်ကြောင်း နှင့် တူးဖော်ရေးနေရာ ခြောက်ခု မှ ရှေးဟောင်းပစ္စည်းများအား လုံခြုံရေးကောင်းမွန်စေရန် နေရာပြောင်းရွှေ့ပြီးဖြစ်ကြောင်း သိရသည်။Tongzhouခရိုင်သည် ပေကျင်းမြို့လယ်မှ မိနစ် ၄၀ ခန့်ကားမောင်းသွားပါက ရောက်ရှိနိုင်ပြီး ပေကျင်းမြို့တော်စည်ပင်သာယာရေးဆိုင်ရာ အုပ်ချုပ်ရေးစင်တာခွဲတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)