Connect with us

Culture & Entertainment

တရုတ်နိုင်ငံတွင် နာမည်ကြီး စာရေးဆရာ တစ်ဦး အသက် ၇၃နှစ်၌ ကွယ်လွန်

တရုတ် နာမည်ကြီး စာရေးဆရာ ချန်ကျုံးရှီ အား ကျန်းမာစဉ်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စာရေးဆရာများ အသင်း ဒုတိယ ဥက္ကဋ္ဌ နာမည်ကြီး စာရေးဆရာ ချန်ကျုံးရှီ သည် ရှန်ရှီး ပြည်နယ် ရှီးအန်းမြို့၌ ဧပြီလ၂၉ရက် နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်၌ အသက် ၇၃နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။

ချန်သည် ကင်ဆာရောဂါဖြင့် ဆေးရုံ၌ ဧပြီလ ၂၉ ရက် နံနက် ရး၄၅မိနစ်တွင် သေဆုံးခဲ့ကြောင်း ရှန်းရှီး ပြည်နယ် စာရေးဆရာများအသင်း ၏ ပြောကြားချက်အရ သိရသည်။

ရှီးအန်းမြို့ ဇာတိဖြစ်သည့် ချန်သည် ဒေသဆိုင်ရာ ယဉ်ကျေးမှု တာဝန်ရှိသူတစ်ဦး မဖြစ်လာခင် ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ၎င်း ၏ အကျော်ကြားဆုံး ဝတ္တုရှည်မှာ “Bai Lu Yuan” (အဖြူရောင် သမင်လွင်ပြင်) ဖြစ်ပြီး ယင်း ဝတ္တုဖြင့် Mao Dun စာပေဆုကို ၁၉၉၇ခုနှစ်တွင် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.