Connect with us

Culture & Entertainment

တရုတ် ရဲဝန်ထမ်း က ဒိုက်ထိုးပုံစံ အနေအထား (Plank position) ဖြင့် ၈ နာရီကြာ နေပြပြီး ကမ္ဘာ့စံချိန်တင်

တရုတ်နိုင်ငံမှ ဒိုက်ထိုးပုံစံ အနေအထား ကမ္ဘာ့ စံချိန်တင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ SWAT အထူး ရဲတပ်ဖွဲ့ဝင် တစ်ဦး ဖြစ်သူ Mao Weidong သည် မေလ ၁၄ ရက်တွင် ဒိုက်ထိုးပုံစံ အနေအထား (Plank position) ဖြင့် ၈ နာရီ၊ ၁ မိနစ်၊ ၁ စက္ကန့် နေပြပြီး ယခင် စံချိန်တင်ထားသည့် အမေရိကန်နိုင်ငံသား George Hood ကို ကျော်လွန်ကာ ကမ္ဘာ့ စံချိန်တင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ထိပ်တန်း Planking အားကစား သမားများသည် မေလ ၁၄ ရက် နေ့ပိုင်းတွင် ကျင်းပခဲ့သည့် ၂၀၁၆ Plank World Cup ပြိုင်ပွဲ၌ ယခင် ကမ္ဘာ့စံချိန်တင်ခဲ့သည့် George Hood ၏ ၅နာရီ၊ ၁၅မိနစ်၊ ၁၅ စက္ကန့် စံချိန်ကို ချိုးဖေါက်ရန် ရည်ရွယ်ချက်ဖြင့် ပေကျင်းမြို့ရှိ ရှန်ဂရီလာ ဟိုတယ် (Shangri-la Hotel) တွင် စုဝေး ခဲ့ကြကြောင်း သိရသည်။
Wei နှင့် Hood တို့နှစ်ဦး ယှဉ်ပြိုင်ကြရာ၌ တရုတ်နိုင်ငံသား ရဲဝန်ထမ်း ဖြစ်သူ Wei သည် ဒိုက်ထိုးပုံစံ အနေအထား ဖြင့် ၈ နာရီ ကြာ နေပြနိုင်ခဲ့ပြီး Hood မှာမူ ၇ နာရီ၊ ၄၀ မိနစ်၊ ၄ စက္ကန့်ဖြင့် Wei အား ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.