Connect with us

Culture & Entertainment

တရုတ်နိုင်ငံ ချောက်ကမ်းပါး စောက်ရှိ Hanging ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်

တရုတ်နိုင်ငံ ချောက်ကမ်းပါးစောက်ရှိ Hanging ဘုရားကျောင်းအား ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုင်ယွမ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ရှီးဒေသ၊ ဟွမ်းယွမ်ခရိုင်ရှိ ချောက်ကမ်းပါးစောက်ရှိ ပြုတ်ကျလုနီးပါး ဖြစ်နေသည့် ပုံစံကြောင့် လူသိများနေသည့် ရှေးဟောင်းဘုရားကျောင်း တစ်ခုအား ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကျောက်တုံးတစ်တုံး ပြုတ်ကျမှုကြောင့် ပိတ်ထားခဲ့ရာမှ မေဒေး အားလပ်ရက် အတွက် ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ဘုရားကျောင်းအပေါ် ကျောက်တုံး ပြုတ်ကျခြင်းမှ ကာကွယ်ရန် အဆောက်အဦး ဒီဇိုင်းအား ရေးဆွဲထားသလို အမိုးကိုလည်း ပြင်ဆင် ပြုပြင်ထားကြောင်း ဘုရားကျောင်း အုပ်ချုပ်ရေးအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူး Guo Lingxia က ပြောသည်။
ဘုရားကျောင်း အုပ်ချုပ်ရေးမှူးများက လာမည့် အားလပ်ရက် သုံးရက်၌ ခရီးသွား ဧည့်သည် ဝင်ရောက်နိုင်ရန် မျှော်လင့်ထားပြီး ဘုရားကျောင်းရှိ ခန်းမနှင့် အခန်းပေါင်း ၄၀၀ အား သန့်ရှင်းရေး ပြုလုပ်ထားကြောင်း သိရ သည်။
တရုတ်နိုင်ငံမြောက်ပိုင်း Hengshan တောင်ရှိ ကျောက်ဆောင်မြင့်များ ပေါ်တွင် တည်ရှိသည့် Hanging ဘုရားကျောင်းတွင် ဗုဒ္ဓဘာသာ၊ Taoism နှင့် ကွန်ဖြူးရှပ် ဝါဒများ ရောယှက်တွေ့နိုင်သလို မြောက်ပိုင်း ဝေ့ (Wei) မင်းဆက် (အေဒီ ၃၈၆- ၅၃၅) က တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ သစ်သားဖြင့် တည်ဆောက်ထားသော ထိုဘုရားကျောင်းသည် ငလျင် လှုပ်ခတ်မှု ပေါင်းများစွာမှလည်း လွတ်မြောက်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် တိုင်းမ် မဂ္ဂဇင်း၏ အန ္တရာယ် အရှိဆုံး ကမ္ဘာ့ ထိပ်တန်း ဗိသုကာ လက်ရာများ ၁၀ ခုစာရင်း ဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.