Connect with us

Culture & Entertainment

တရုတ်နိုင်ငံရှိ ရှေးဟောင်း ကျေးရွာများအား နိုင်ငံတော်အဆင့် ကာကွယ်ထိန်းသိမ်းထား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ရှေးဟောင်းကျေးရွာ Tuanshan တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သက်တမ်း နှစ်ထောင်ပေါင်းများစွာရှိနေသည့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ လူနေမှု ဘဝများအား ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းအားထုတ်မှုအနေဖြင့် ရှေးဟောင်း ကျေးရွာပေါင်း ၄,၁၅၇ ရွာအား နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်မှုအဖြစ် စာရင်းသွင်းလိုက်ကြောင်း သိရသည်။

“ဒီအစီအစဉ်အရ ကမ္ဘာ့အကြီးဆုံး လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ရှေးဟောင်းအမွေအနှစ် ကာကွယ်ရေး ကွန်ရက်ကို တရုတ်က ထူထောင်ထားတယ်” ဟု တရုတ်နိုင်ငံ အိုးအိမ်နှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးမှု ဝန်ကြီးဋ္ဌာန စီးပွားရေး အင်ဂျင်နီယာချုပ် ကျိုးဟွေ့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် ပြုလုပ်သည့် ရှေးရိုးအစဉ်အလာရှိသော ကျေးရွာများဆိုင်ရာ အမျိုးသားအဆင့် ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။

ယခုနှစ်အတွက် ကျေးရွာပေါင်း ၁,၆၀၂ ရွာကို ကာကွယ်စောင့်ရှောက်မည့် စာရင်းသွင်းခဲ့သောကြောင့် စုစုပေါင်း ကျေးရွာ ၄၁၅၇ ရွာ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ယခုလို ထိန်းသိမ်းစောင့်ရှောက်ခြင်း အစီအစဉ်အား တရုတ်နိုင်ငံက ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံ အတွင်းရှိ ကျေးလက်ဒေသ ၂.၆ သန်းရှိသည့်အနက်မှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

စာရင်းဝင် ကျေးရွာ တစ်ရွာအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ မွေတော်များနှင့် ရိုးရာများအား ကာကွယ်စောင့်ရှောက်ရန် ထောက်ပံ့ငွေ ယွမ် ၃ သန်း (အမေရိကန်ဒေါ်လာ ၄၄၆,၀၀၀) လက်ခံရရှိမည် ဖြစ်သည်။

စာရင်းဝင် ကျေးရွာများအနေဖြင့် ကာကွယ်စောင့်ရှောက်ရေး လမ်းညွှန်ချက်နှင့် ဆက်စပ်သည့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

ဝန်ကြီးဋ္ဌာနမှ ကောက်ယူထားသည့် စစ်တမ်းများအရ ၂၀၁၅ ခုနှစ်အတွက် အဆိုပါ ကျေးရွာများ၌ ပြိုကျခြင်း သို့မဟုတ် ပျက်စီးခြင်းများ မရှိခဲ့ကြောင်း သိရသည်။

စစ်တမ်းအရ ရှေးဟောင်းကျေးရွာများ ၆၀ ရာခိုင်နှုန်းကျော်၌ ဘိုးဘွားပိုင် ဘုရားကျောင်းများ၊ ရှေးဟောင်း အိမ်ကြီးများနှင့် တံတားကြီးများကဲ့သို့ ရှေးဟောင်း အဆောက်အအုံများ တွေ့ရှိထားသည်။ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ခြင်း၊ ဒေသခံ အထူးဝင်ငွေရ လုပ်ငန်းများကြောင့် ကျေးရွာပေါင်း ၃၄၇ ရွာအား ဆင်းရဲမွဲတေမှုမှ ကင်းလွတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.