Connect with us

Culture & Entertainment

၂၀၁၆ ခုနှစ် Miss All Nations ချန်ပီယံဆုကို မစ္စ လတ်ဗီးယား ရရှိ

Miss All Nations ချန်ပီယံဆုရှင် မစ္စ လတ်ဗီးယား (လယ်)၊ ဒုတိယဆုရှင် သြစတြေးလျ အလှမယ် (ယာ) နှင့် တတိယဆုရှင် ဘရာဇီး အလှမယ် (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၅၁ ကြိမ်မြောက် Miss All Nations ပြိုင်ပွဲ ၂၀၁၆ ကို တရုတ်နိုင်ငံ ကျန်းစုပြည်နယ် မြို့တော် နန်နင်းတွင် စက်တင်ဘာလ ၂၆ ရက်က ကျင်းပခဲ့ရာ လတ်ဗီးယား အလှမယ် Laura Skutane က ဆုရရှိခဲ့ကြောင်း သိရသည်။

Miss All Nations ပြိုင်ပွဲ ၂၀၁၆ ဒုတိယဆုကို သြစတြေးလျမယ်က လည်းကောင်း၊ တတိယဆုကို ဘရာဇီးမယ်ကလည်းကောင်း အသီးသီး ရရှိခဲ့သည်။

Miss All Nations ပြိုင်ပွဲဝင် အလှမယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ Miss All Nations ပြိုင်ပွဲကို နိုင်ငံပေါင်း ၅၀ ကျော်မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ အလှမယ် နန်းမေရှင်းသန့်က နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
Miss All Nations ပြိုင်ပွဲကို အဲလက်စ်လျူက ၁၉၈၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး နှစ်စဉ် ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.