Culture & Entertainment
တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် ရှေးအကျဆုံး ဂူသချို ၤင်းများ ရှေးဟောင်းသုတေသနပညာရှင်များ ရှာဖွေတွေ့ရှိ

URUMQI ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်းအူဂွာ ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရှေးခေတ် ဂူသချို ၤင်း ၁၁၂ ခုအား ရှေးဟောင်း သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းအနက် သုံးခုမှာ အဆိုပါ ဒေသအတွင်း ရှေးအကျဆုံးဖြစ်မည်ဟု ယူဆရကြောင်း ရှင်းကျန်း ရှေးဟောင်းသုတေသန တက္ကသိုလ်က နိုဝင်ဘာလ ၂၁ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါ ဂူသချို ၤင်း သုံးခုအနက် တစ်ခုအတွင်း၌ နှစ်ပေါင်း ၄၉၀၀ ကျော်အကြာ ကြေးခေတ် အစောပိုင်းက ဇနီးမောင်နှံ နှစ်ဦး၏ ရုပ်ကြွင်းများဟု ယူဆရကြောင်း ယင်း တက္ကသိုလ်မှ သုတေသီ Ruan Qiurong က ပြောကြားသည်။
ယင်း ဂူသချို ၤင်း သုံးခုအပါအဝင် အခြား ဂူသချို ၤင်းများသည် နွေဦးနှင့် ဆောင်းဦးကာလ (ဘီစီ ၇၇၀-၄၇၆) မှ ဟန်မင်းဆက် (ဘီစီ ၂၀၂- အေဒီ ၂၂၀) အကြား အချိန်ကာလက ဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။
တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် ရှေးအကျဆုံး ဂူသချို ၤင်းများအတွင်းမှ တူးဖော်တွေ့ရှိမှုများအား တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် ရှေးအကျဆုံး ဂူသချို ၤင်းများအတွင်းမှ တူးဖော်တွေ့ရှိမှုများအား တွေ့ရစဉ် (ဆင်ဟွာ)
ထို့ပြင် ရှေးဟောင်းသုတေသနပညာရှင်များက ယင်း ဂူသချို ၤင်းများ၌ နှစ်လကြာ ရှာဖွေတူးဖော်မှုအတွင်း ကြေးထည်များ၊ သံထည်များ၊ အရိုးများနှင့် အိုးများအပါအဝင် ယဉ်ကျေးမှု အမွေအနှစ် ၉၆ ခု တွေ့ရှိခဲ့ကြောင်း သိရသည်။
သည့်အပြင် ရှေးဟောင်းသုတေသနပညာရှင်များကို ဆွဲဆောင်မှုအရှိဆုံးမှာ လူသားရုပ်ကြွင်းများပင် ဖြစ်သည်။ အချို့ ရုပ်ကြွင်းများမှာ ခြေထောက်များ ကျိုးနေလျက် လဲနေသည့် အနေအထားဖြင့် ရှိနေသည်ကို တွေ့ရသည်။
ယင်းသို့ အနေအထားသည် ထိုအချိန်က မြေမြှုပ်သဂြိုလ်သည့် ဓလေ့နှင့် ဆက်စပ်ကြောင်း Ruan က ဆိုသည်။
အဆိုပါ ဂူသချို ၤင်းများအား ရှင်းကျန်းဒေသ၏ နီလ်ကာနယ်မြေအတွင်း မေလက အဝေးပြေးလမ်းမကြီး တစ်ခု တည်ဆောက်စဉ်တွင် ဆောက်လုပ်ရေး အလုပ်သမားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)