Connect with us

Culture & Entertainment

တရုတ်နိုင်ငံ ချင်ဟိုင်ပြည်နယ်တွင် မားစ်ဂြိုလ်နှင့်တူသည့် ရွာတစ်ရွာ တည်ဆောက်မည်

ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်ဟိုင်ပြည်နယ် တွင် မားစ်ဂြိုလ်၏ ပတ်ဝန်းကျင်အခြေအနေ ကို တုပ၍ ရွာတစ်ရွာကို တည်ဆောက်နေကြောင်း သိရသည်။

ယင်းစီမံကိန်း သည် တရုတ်နိုင်ငံ၏ မားစ်ဂြိုလ်စူးစမ်းရှာဖွေရေး ပြင်ဆင်မှု ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပေကျင်းမြို့ရှိ ကျွမ်းကျင်ပညာရှင်များက ဒီဇင်ဘာ ၂၈ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ရွာအား ကမ္ဘာပေါ်တွင် မားစ်ဂြိုလ်နှင့် အတူညီဆုံး နေရာအဖြစ် အမည်ပေးထားသည့် ချင်ဟိုင်ပြည်နယ်အနောက်ပိုင်း Qaidam ချိုင့်ဝှမ်း၏ အနီရောင်ကျောက်တောင်များရှိရာ ဧရိယာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြေဧရိယာ ၇၀၂ဟက်တာပေါ်၌တည်ဆောက်မည့် အဆိုပါ “မားစ်ရွာ” တွင် ခရီးသွားစင်တာတစ်ခု၊ မားစ်ဂြိုလ်လူနေမှုအသိုင်းအဝိုင်းတစ်ခု၊ ဆင်မြူလေးရှင်းပုံစံတူအခန်းတစ်ခု နှင့် အခြားအဆောက်အအုံများပါရှိမည်ဖြစ်ကြောင်း သိရသည်။

စုစုပေါင်းရင်းနှီးမြှုပ်နှံမှုအနေဖြင့် တရုတ်ယွမ် ၈၅၀သန်း (အမေရိကန်ဒေါ်လာ ၁၃၀သန်းခန့်) ကုန်ကျမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.