Connect with us

Culture & Entertainment

တရုတ် ပန်းချီ၊ ပန်းပုပညာရှင် ဟန်မိုင်းလင် အား ငြိမ်းချမ်းရေး အနုပညာရှင် အဖြစ် ယူနက်စကို သတ်မှတ်

တရုတ် ပန်းချီ၊ ပန်းပု နှင့် ဒီဇိုင်းပညာရှင် ဟန်မိုင်းလင်အား ယူနက်စကို ငြိမ်းချမ်းရေး အနုပညာရှင် ဆုလက်မှတ် နှင့် အတူမြင်တွေ့ရစဉ် (ဓာတ်ပုံ- UNESCo website)

ပါရီ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ် ပန်းချီ၊ ပန်းပု နှင့် ဒီဇိုင်းပညာရှင် ဟန်မိုင်းလင်အား ယူနက်စကို ငြိမ်းချမ်းရေး အနုပညာရှင် အဖြစ် သတ်မှတ်ကြောင်း ယူနက်စကို ညွှန်ကြားရေးမှူးချုပ် ဘိုကိုဗာ က အောက်တိုဘာလ ၁၃ ရက် တွင် ကြေညာ ခဲ့သည်။

တရုတ်နိုင်ငံတွင် ဟန်၏ အနုပညာနှင့် အနုပညာဆိုင်ရာ ပညာရေး မြှင့်တင်မှု လုပ်ငန်းများ ရေရှည် လုပ်ကိုင်ခဲ့သည်ကို အသိအမှတ်ပြုသည့် အနေဖြင့် ယူနက်စကိုမှ ရွေးချယ်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းသည် လူငယ်များစွာကို အရည်အသွေး ပြည့်ဝသည့် အနုပညာ ရပ်များကို ထောက်ပံ့ ပေးခဲ့ကြောင်း ယူနက်စကိုက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

ယူနက်စကို အနေဖြင့် အနာဂါတ်တွင် အထူးသဖြင့် အနုပညာ ပါရမီ ရှိသည့် စိတ်ဝင်စားသူများအား ကူညီ ထောက်ပံ့ရေး လုပ်ငန်းများတွင် ဟန်မိုင်းလင် နှင့် ပူးပေါင်း လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဘိုကိုဗာမှ ပြောကြား ခဲ့သည်။
ယူနက်စကို ၏ ၃၇ ကြိမ်မြောက် အထွေထွေ ညီလာခံ၏ ဥက္ကဌ ဟောင်ဖိန်က ဟန်၏ အသိအမှတ် ခံရမှုသည် ယူနက်စကို တည်ထောင်ခြင်း နှင့် ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး အောင်ပွဲ ၏ နှစ် (၇၀) ပြည့် နှင့် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခဲ့ပြီး ရေရှည်ဖွံ့ဖြိုးရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို အထောက်အကူ များစွာ ပြုနိုင်ကြောင်း ပြောကြားခဲ့ သည်။
ဟန်က ၎င်း၏ မိန့်ခွန်းတွင် ယူနက်စကို၏ ငြိမ်းချမ်းရေး အနုပညာရှင် အဖြစ် သတ်မှတ်ခြင်း ခံရမှုသည် ဂုဏ်ပြုမှု တစ်ခုတည်းသာ မဟုတ်ဘဲ တာဝန်ယူမှု နှင့် တာဝန်ခံမှု တစ်ခု အနေဖြင့်လည်း သတ်မှတ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက ယဉ်ကျေးမှုနှင့် ပညာ စသည့် ယူနက်စကို၏ နယ်ပယ်များတွင် ပါဝင် ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟန်သည် ယခုကဲ့သို့ ငြိမ်းချမ်းရေး အနုပညာရှင် အဖြစ် သတ်မှတ်ခံရမှုမှ တစ်ဆင့် ယူနက်စကို၏ ကိစ္စရပ်များနှင့် အခြားပရိုဂရမ် များတွင် ကူညီ ထောက်ပံ့ပေးနေသည့် နိုင်ငံတကာမှ အောင်မြင် ကျော်ကြားသူများ စာရင်းတွင် ပါဝင်ခဲ့ပြီး အဆိုပါ ပုဂ္ဂိုလ် များတွင် တရုတ် မသန်စွမ်း အနုပညာရှင် အဖွဲ့၊ တရုတ်မင်းသမီး ဂေါင်းလီ နှင့် ကနေဒါ အဆိုတော် ဆယ်လင် ဒီယွန် တို့ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.