Connect with us

Culture & Entertainment

တရုတ်နှင့် ဗြိတိန် ပြည်သူလူထု အချင်းချင်း ယဉ်ကျေးမှု ဖလှယ်မှုများက အပြန်အလှန် အကျိုးပြုကြောင်း သမ္မတ ရှီ ပြောကြား

တရုတ် သမ္မတ ရှီကျင့်ဖိန်နှင့် ဗြိတိန်နိုင်ငံ York မြို့စား မင်းသား အင်န်ဒရူးတို့ ၁၀၀၀ ခုမြောက် ကွန်ဖြူးရှပ် စာသင်ခန်းမ ဖွင့်ပွဲတွင် တွေ့ရစဉ်။(ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နှင့် ဗြိတိန် နှစ်နိုင်ငံ ယဉ်ကျေးမှုများ၏ အနှစ်သာရများကို ပြည်သူ အချင်းချင်း ဖလှယ်မှုများ မှတဆင့် နှစ်နိုင်ငံ ပြည်သူများ၏ ကိုယ်ပိုင် အတွေးအခေါ်၊ နေထိုင်ဟန်များတွင် အလွန်ကောင်းမွန်သည့်အပြန်အလှန် အကျိုးပြုမှုများကို ဖြစ်စေလိမ့်မည်ဟု အောက်တိုဘာလ ၂၂ ရက်တွင် ဗြိတိန်နိုင်ငံရှိ ကွန်ဖြူးရှပ် သင်တန်းကျောင်း နှစ်ပတ်လည် အစည်းအဝေး အဖွင့်မိန့် ခွန်း၌ တရုတ် သမ္မတရှီက ပြောကြားခဲ့သည်။

သမ္မတရှီအား ကြိုဆိုရာတွင် ကျောင်းသားများက တရုတ်သီချင်းများနှင့် ရှီ၏ ကဗျာ တစ်ပုဒ်အား သီဆိုခြင်းဖြင့် ကြိုဆိုခဲ့သည်။ သမ္မတရှီက ကျောင်းသားများ၏ ကြိုးပမ်း အားထုတ်ထားမှုများအား ချီးကျူးလိုက်ပြီး ကွန်ဖြူးရှပ် သင်တန်းကျောင်းများမှတဆင့် တရုတ်နိုင်ငံ ယဉ်ကျေးမှုကို မိတ်ဆက်ပေးရန်၊ ပြည်သူချင်းဆက်သွယ်မှု ပြုလုပ်ပေးရန်နှင့် တရုတ်နှင့် ကမ္ဘာတစ်ဝန်းမှ ပြည်သူများအကြား ရင်နှီးမှု တည်ဆောက်သွားနိုင်ရန် သမ္မတ ရှီက ပြောကြားခဲ့သည်။

“ဒီနေရာမှာ တရုတ်ဘာသာ စကားကို စိတ်ဝင်တစား လေ့လာ သင်ကြားနေသော ကျောင်းသားများနဲ့ ဆရာ များကို တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်၊ ကွန်ဖြူးရှပ် သင်တန်းကျောင်းက တရုတ်နိုင်ငံအား ကမ္ဘာက သိနိုင်ဖို့ ပေါင်းကူးတံတား တစ်ခုဖြစ်တယ်” ဟု ရှီက ပြောကြားပါသည်။

လန်ကက်စတာ တက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ စတိဖ် ဘရတ်လေ က တရုတ်နိုင်ငံ သမ္မတက ဗြိတိန်နိုင်ငံရှိ ကွန်ဖြူးရှပ် သင်တန်းကျောင်းနဲ့ စာသင်ခန်းများသို့ လာရောက်ခဲ့ခြင်းသည် အလွန် အရေးပါကြောင်းနှင့် လာမည့် နှစ်အနည်းငယ်တွင် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးများ အပေါ် ခိုင်မာရန် အထောက်အကူ ဖြစ်မည်ဟု ယူဆကြောင်း ဆင်ဟွာသို့ ပြောသည်။

ဗြိတိန်နိုင်ငံတွင် တရုတ်လူမျိုး ကောျင်းသား ၁၅၀,၀၀၀ ပညာသင်ကြားနေသလို ကွန်ဖြူးရှပ် သင်တန်းကျောင်း ၂၉ ကျောင်းနှင့် ကွန်ဖြူးရှပ် စာသင်ခန်းပေါင်း ၁၂၆ ခန်းရှိပြီး ဥရောပတွင် ပထမအဆင့်တွင် ရှိနေပါသည်။

အများအားဖြင့် ဗြိတိန်မင်းသား အင်န်ဒရူးက ကွန်ဖြူးရှပ်သင်တန်းကျောင်းများ နှင့် စာသင်ခန်းများ ဖွံ့ဖြိုးရေး အတွက် ထောက်ပံ့ပေးခဲ့ပြီး ဗြိတိသျှ ကလေးများ တရုတ် ဘာသာစကား သင်ယူရန်လည်း တွန်းအားပေး ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.