Culture & Entertainment
မဲခေါင်ခရီးသွားဖိုရမ်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ကျင်းပခဲ့
ကူမင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)
မဲခေါင်ဒေသခွဲ (GMS) ခြောက်နိုင်ငံက တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ပြုလုပ်ခဲ့သော ဖိုရမ်၌ မေလ ၂၈ ရက်က ခရီးသွားလုပ်ငန်းဆိုင်ရာ နက်ရှိုင်းစွာဆွေးနွေးခဲ့ကြောင်း သိရသည်။
မဲခေါင်ခရီးသွားဖိုရမ်အား မေလ ၂၈ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံ တာလီမြို့တွင် ကျင်းပပြီး ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး မောင်းနှင်အားတစ်ခုအဖြစ် ခရီးသွားလုပ်ငန်းအား ရည်ရွယ်ထားကြောင်း သိရသည်။
၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် GMS နိုင်ငံများအကြား ခရီးစဉ် ၄၅.၃ သန်းကျော် ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် ၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း တရုတ်ခရီးသွားဧည့်သည်များမှာ ထိုင်းနိုင်ငံသို့ ၁၀.၄ သန်း၊ ဗီယက်နမ်နိုင်ငံသို့ ၇.၈ သန်းနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ ၂ သန်း အသီးသီး သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
GSM ခေါင်းဆောင်များအနေဖြင့် ပူးတွဲကြေညာချက်တစ်စောင်နှင့် ၂၀၁၈-၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းအစီအစဉ်တစ်ခု အပါအဝင် သဘောတူညီချက် ၃ ခုအား အတည်ပြုခဲ့ပြီး သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်နှင့် e-commerce အပါအဝင် ဘက်စုံပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)