Connect with us

Culture & Entertainment

ပေကျင်းမဟာတံတိုင်းသို့ နေ့စဉ်ခရီးသွားဧည့်သည် ၆၅,၀၀၀ ဦးသာဝင်ရောက်ရန် ကန့်သတ်မည်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မဟာတံတိုင်း၏ နာမည်ကျော် Badaling အပိုင်းသို့ ခရီးသွားဧည့်သည်များ လာရောက်နေကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မဟာတံတိုင်း၏ နာမည်ကျော် Badaling အပိုင်းသို့ လာရောက်သည့် ဧည့်သည်များအား ဇွန် ၁ ရက်မှစ၍ တစ်နေ့လျှင် ၆၅,၀၀၀ ဦးသာ ဝင်ရောက်ရန် ကန့်သတ်သွားမည် ဖြစ်ကြောင်း Beijing Youth Daily က မေလ ၂၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ မဟာတံတိုင်း၏ နာမည်ကျော် Badaling အပိုင်းမှာ ပေကျင်းမြို့လယ်မှ အနောက်မြောက် ၆၀ ကီလိုမီတာရှိ ယန်ချင်းနယ်မြေတွင် တည်ရှိသည်။ ထိုအပိုင်းသည် မဟာတံတိုင်းပေါ်ရှိ အစောဆုံးဖွင့်သည့် အပိုင်းနှင့် ခရီးသွားဧည့်သည်များ လာရောက်မှုအများဆုံးနေရာလည်း ဖြစ်သည်။ ၁၉၅၀ ပြည့်လွန်နှစ်များကစ၍ ပြည်ပနိုင်ငံနှင့် အစိုးရ ခေါင်းဆောင်များစွာလည်း လာရောက်လည်ပတ်ခဲ့ကြသည်။

ခရီးသွားဧည့်သည်များအနေဖြင့် www.badalings.cn နှင့် ၎င်းတို့၏ ဝီချက်အကောင့် (WeChat account) များမှတစ်ဆင့် လက်မှတ်များအား ၇ ရက်အလို ကြိုတင်မှာယူနိုင်ပါသည်။

၂၀၁၈ ခုနှစ်က မဟာတံတိုင်း၏ Badaling အပိုင်းသို့ လာရောက်သည့် ခရီးသွားဧည့်သည် ၉.၉ သန်းရှိခဲ့ကြောင်း သိရသည်။

လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ၏ စိတ်အားထက်သန်မှုက ဓာတ်တော်မွေတော်များနှင့် ခရီးသွားဧည့်သည်များ၏ ဘေးကင်းရေးအတွက် ကြီးမားသောဖိအားဖြစ်လာခဲ့ကြောင်း၊ ထို့ကြောင်း လက်မှတ်ကြိုတင်မှာယူမှုနှင့် ဧည့်သည်ကန့်သတ်မှုများ လိုအပ်ကြောင်း Badaling ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ သတင်းစာက ဖော်ပြထားသည်။

ထို့ပြင် မဟာတံတိုင်း၏ Badaling အပိုင်းတွင် ခရီးသွားများအတွက် သတိပေးအဆင့် သုံးဆင့်ထားရှိမည် ဖြစ်ကြောင်း၊ ခရီးသည်ဝင်ရောက်မှုအရေအတွက် ၃၉,၀၀၀ ဦးရှိလျှင် အဝါရောင်သတိပေးချက်၊ ၅၂,၀၀၀ ဦးပြည့်လျှင် လိမ္မော်ရောင်အဆင့်နှင့် ၆၅,၀၀၀ ဦးရှိလျှင် အနီရောင်သတိပေးချက် စသဖြင့် အဆင့်ဆင့် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.