Connect with us

Culture & Entertainment

တရုတ်-ဥရောပကုန်တင်ရထားများက တရုတ်နိုင်ငံ ရိဝူးမြို့တွင် နွေဦးပွဲတော်အတွက် ဥရောပကုန်ပစ္စည်းများ ယူဆောင်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့ရှိ စပိန်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများ ရောင်းချသည့် စတိုးဆိုင်တစ်ဆိုင်၌ စပိန်နိုင်ငံထုတ် ဝက်ပေါင်ခြောက်နှင့် ဝိုင်နီအ‌ကြောင်း လေ့လာနေသည့် ဈေးဝယ်သူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရိဝူး၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ “ကမ္ဘာ့စူပါမားကတ်” အဖြစ် လူသိများသော ရိဝူးမြို့တွင် လာမည့်နွေဦးပွဲတော်အတွက် ဈေးဝယ်သူများ ရွေးချယ်နိုင်ရန် ဥရောပကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးသည့် တရုတ်-ဥရောပကုန်တင်ရထားများကို တွေ့မြင်လာရကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့ရှိ Yiwu China သွင်းကုန်ကုန်တိုက်၌ ဈေးလာဝယ်ကြသူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့ရှိ ရိဝူးမီးရထားဆိပ်ကမ်း၌ သယ်ဆောင်လာသည့် သွင်းကုန်များအား ကုန်ချနေသည့် တရုတ်-ဥရောပကုန်တင်ရထားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့ရှိ ရိဝူး ဘက်စုံလွတ်လပ်သော ဒစ်ဂျစ်တယ်ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်လာသည့် သွင်းကုန်များတင်ဆောင်ထားသော ကုန်သေတ္တာတင်ယာဉ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့ရှိ ရိဝူး ဘက်စုံလွတ်လပ်သော ဒစ်ဂျစ်တယ်ကုန်သွယ်ရေးဇုန်၌ နယ်စပ်ဖြတ်ကျော် e-commerce လုပ်ငန်းတစ်ခု၏ ဂိုဒေါင်တွင် စစ်ဆေးမှုများ လုပ်ဆောင်‌နေသည့် အကောက်ခွန်အရာရှိများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နွေဦးပွဲတော် သို့မဟုတ် တရုတ်နှစ်သစ်ကူးအချိန်အခါသမယမှာ ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်၌ ကျရောက်သည်။ရိဝူးမြို့၌ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၈ ရက်အထိ တရုတ်-ဥရောပကုန်တင်ရထား စုစုပေါင်း ၂၀၈ စင်း ပြေးဆွဲခဲ့ပြီး နေ့စဉ်သုံးပစ္စည်းများနှင့် စမတ်အိမ်သုံးပစ္စည်းများကို ပြည်ပသို့ သယ်ဆောင်သွားပြီး အပြန်ခရီးတွင် ဝိုင်၊ ဝက်ပေါင်ခြောက်၊ နို့ထွက်ပစ္စည်းများနှင့် အခြားပစ္စည်းများ တင်ဆောင်လာကြောင်း သိရသည်။ (Xinhua)
#ChinaEuropeFreightTrain #SpringFestival #Yiwu #တရုတ်ဥရောပကုန်တင်ရထား #နွေဦးပွဲတော် #ရိဝူး
……………………………………………………………..
(English Version)
China-Europe freight trains bring European goods for Spring Festival in Yiwu
YIWU, Jan. 31 (Xinhua)
The city of Yiwu, known as “the world’s supermarket,” in east China’s Zhejiang Province, has seen China-Europe freight trains transporting European goods for customers to choose for the upcoming Spring Festival.
The Spring Festival, or the Chinese New Year, falls on Feb. 17 this year.
From Jan. 1 to 28 this year, a total of 208 China-Europe freight trains have operated here, carrying daily necessities and smart home appliances outbound, and loading with wine, ham, dairy products, and other items on the return journey. ■
English Caption 1
Customers learn about Spanish ham and red wine at a store selling Spanish imported goods in Yiwu, east China’s Zhejiang Province, Jan. 30, 2026. (Xinhua/Xu Yu)
English Caption 2
Customers visit Yiwu China imported commodities mall in Yiwu, east China’s Zhejiang Province, Jan. 30, 2026. (Xinhua/Xu Yu)
English Caption 3
A China-Europe freight train carrying imported goods unloads at the Yiwu railway port in Yiwu, east China’s Zhejiang Province, Jan. 30, 2026. (Xinhua/Xu Yu)
English Caption 4
A container truck loaded with imported goods enters the Yiwu Comprehensive Bonded Zone, in Yiwu, east China’s Zhejiang Province, Jan. 30, 2026. (Xinhua/Xu Yu)
English Caption 5
Customs officers conduct inspections at the warehouse of a cross-border e-commerce enterprise at the Yiwu Comprehensive Bonded Zone in Yiwu, east China’s Zhejiang Province, Jan. 30, 2026. (Xinhua/Xu Yu)