Culture & Entertainment
နွေဦးပွဲတော်ခရီးသွားရာသီအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသော ရထားလုပ်ငန်း စက်ပြင်ဆရာတစ်ဦး
ထိုက်ယွမ်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
နွေဦးပွဲတော် ခရီးသွားရာသီအတွင်း ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်စေရန် မြန်နှုန်းမြင့်ရထားများ ထိန်းသိမ်းခြင်းလုပ်ငန်းကို ရထားလုပ်ငန်း ဝန်ထမ်းများက အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ယွီချစ်ခရိုင် ရထားဘူတာတွင် နောက်ထပ်တာဝန်ထမ်းဆောင်ရန် အလျင်အမြန်သွားနေသော E Ming ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ယွီချစ်ခရိုင် ရထားဘူတာတွင် ရထားပေါ်ရှိ ကန့်လန့်ကာကို ပြုပြင်နေသည့် E Ming ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ယွီချစ်ခရိုင်ရှိ ရထားဘူတာတွင် လုပ်ဖော်ကိုင်ဖက်များနှင့် နှုတ်ဆက်နေသော E Ming (ဝဲ) ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရထားလုပ်ငန်းစက်ပြင်ဆရာတစ်ဦးဖြစ်သူ E Ming သည် ထိုင်ခုံများ၊ နားနေခန်းများနှင့် လျှပ်စစ်ရေဘွိုင်လာအိုးများ စသည့် ရထားပေါ်ရှိ ပစ္စည်းကိရိယာများကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအတွက် တာဝန်ယူထားသူဖြစ်သည်။ နွေဦးပွဲတော် ခရီးသွားရာသီအတွင်း ထိုအဆောက်အအုံများက အသုံးပြုမှုများပြားသဖြင့် ချို့ယွင်းချက်များ ဖြစ်ပေါ်လေ့ရှိသည်။ E Ming ၏ အဖွဲ့သည် ပစ္စည်းကိရိယာများ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ညအချိန်၌ ရထား၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းချိန်အတွင်း အချိန်နှင့်တစ်ပြေးညီ တာဝန်ထမ်းဆောင်လျက်ရှိသည်။ (Xinhua)
……………………………………..
(English Version)
Railway service mechanic sticks to post during Spring Festival rush
TAIYUAN, Feb. 15 (Xinhua) — Railway staff members have stepped up the maintenance of high-speed trains to ensure traffic safety during the Spring Festival travel rush.
E Ming is a service mechanic, responsible for inspecting and repairing onboard equipment such as seats, restrooms, and electric water boilers. During the Spring Festival travel rush, these facilities experience high usage and are prone to malfunctions. E Ming’s team must work against the clock during the train’s brief maintenance window at night to resolve equipment issues.
Photo 1: E Ming inspects on the train at a train depot in Yuci, north China’s Shanxi Province, Feb. 13, 2026. (Xinhua/Yang Chenguang)
Photo 2: E Ming rushes to his next task at a train depot in Yuci, north China’s Shanxi Province, Feb. 13, 2026. (Xinhua/Yang Chenguang)
Photo 3: E Ming repairs a curtain on the train at a train depot in Yuci, north China’s Shanxi Province, Feb. 13, 2026. (Xinhua/Yang Chenguang)
Photo 4: E Ming (L) greets to colleagues at a train depot in Yuci, north China’s Shanxi Province, Feb. 14, 2026. (Xinhua/Yang Chenguang)
