Culture & Entertainment
Vanguard ရုပ်ရှင် ကို တရုတ်နှစ်သစ်ကူးတွင် ပြသရန်စီစဉ်ထား

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
ဂျက်ကီချန်းသရုပ်ဆောင်မည့် တရုတ်အက်ရှင်ရုပ်ရှင် ဖြစ်သည့် Vanguard ရုပ်ရှင်ဇာတ်ကားကို တရုတ်နှစ်သစ်ကူးကာလဖြစ်သည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် တွင်တရုတ်နိုင်ငံ၌စတင် ပြသမည်ဖြစ်ကြောင်း တရုတ်ရုပ်ရှင်ဖြန့်ဖြူးခြင်းနှင့် ပြသခြင်းအဖွဲ့မှသိရသည်။
အပြည်ပြည်ဆိုင်ရာကြေးစားအဖွဲ့အစည်းတစ်ခုက ဖမ်းဆီးထားသည့် ဓားစာခံများကို ကယ်တင်ရန် လုံခြုံရေးအစောင့်တပ်ဖွဲ့၏ဆောင်ရွက်မှုအကြောင်းအားရိုက်ကူးထားခြင်းဖြစ်သည်။
“တစ်ကမ္ဘာလုံးမှာ တရုတ်အက်ရှင်ဇာတ်ကားများကို ဝက်ဝက်ကွဲအောင် အားပေးတာတွေက ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကို ကိုယ်စားပြုတယ်’’ ဟု မကြာသေးမီက တရုတ်နိုင်ငံ Guangdong ပြည်နယ်၊ Foshan မြို့တွင်ပြုလုပ်ခဲ့သည့်ရုပ်ရှင်မြှင့်တင်ရေးပွဲတွင် ရုပ်ရှင်ဒါရိုက်တာ Stanley Tong က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
Tong ရိုက်ကူးခဲ့သည့် Police Story franchise နှင့် Kung Fu Yoga အက်ရှင်ရုပ်ရှင်တို့သည်အောင်မြင်ခဲ့ပြီး ဂျက်ကီချန်း နှင့် လွန်ခဲ့သည့်နှစ် ၃၀ ဝန်းကျင် မှစ၍ လက်တွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)