Connect with us

Culture & Entertainment

တရုတ်နိုင်ငံ တိဘက်ဒေသရှိ စီရာ(Sera) ဘုန်းတော်ကြီးကျောင်း နှစ် ၆၀၀ ပြည့်အခမ်းအနားကျင်းပ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘတ်ဒေသရှိ စီရာဘုန်းတော်ကြီးကျောင်း နှစ် ၆၀၀ ပြည့်အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ဟာဆာ၊အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ဒေသရှိ ဂုဏ်သိက္ခာကြီးမားသော တိဘတ် ဗုဒ္ဓဘာသာစာပေများသင်ကြားပို့ချပေးသည့် စီရာဘုန်းတော်ကြီးကျောင်း(Sera) ကို ၁၄၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ယခုအခါ သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၀၀ ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စီရာဘုန်းတော်ကြီးကျောင်းကို ဗုဒ္ဓစာပေသင်ကြားပို့ချရာ ကျောင်းတော်ကြီးတစ်ခုအဖြစ် မှတ်ယူထားပြီး ကမာ္ဘတစ်ဝန်းရှိ ဗုဒ္ဓဘာသာနိုင်ငံများမှ ရဟန်းတော်ထောင်ပေါင်းများစွာကို ဗုဒ္ဓစာပေ များလေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

စီရာ(Sera) ဟူသော စကားလုံးသည် တိဘက်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ တောတွင်းဖူးပွင့်သည့် ပန်းတစ်မျိုး (wild rose)  ကို ရည်ညွှန်းခြင်းဖြစ်သည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်စဉ်က ကျောင်းနေရာအနီးတစ်ဝိုက်တောင်စောင်းတွင် ၎င်းတောပန်းများ အပြိုင်းအရိုင်းဖူးပွင့်နေသည်ကို တင်စား၍ ကျောင်းအမည်ကို စီရာ (တောရိုင်းပန်းကျောင်း)ဟု မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။

စီရာဘုန်းတော်ကြီးကျောင်း တည်ထောင်ခြင်း နှစ် ၆၀၀ ပြည့်အခမ်းအနားကို  တိဘက်ရဟန်းတော်ရာပေါင်းများစွာဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)