Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် တရုတ်နှင့် အာရပ်နိုင်ငံများ ရုပ်မြင်သံကြား အစီအစဉ်များပူးပေါင်းရေးဆွေးနွေးပွဲကျင်းပမည်

တရုတ်နိုင်ငံ ရှိ ဟန်ကျိုးမြို့အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

 

စတုတ္ထအကြိမ်မြောက် တရုတ် နှင့် အာရပ်နိုင်ငံများ  အသံလွှင့်ဌာန နှင့် တီဗီအစီအစဉ်များပူးပေါင်းရေးဆွေး‌နွေးပွဲ ကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲကျန်းပြည်နယ်၊ ဟန်ကျိုးမြို့တွင် အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားရေဒီယို နှင့် ရုပ်မြင်သံကြားဌာန မှ သိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင် နှစ်ဖက်သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မီဒီယာ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားထုတ်လုပ်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အသံလွှင့် နှင့်ရုပ်မြင်သံကြားမူဝါဒ များအပါအဝင် လုပ်ငန်းလုပ်ကိုင်နိုင်စွမ်း နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက်  ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။ 

   

အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဘက်မှ လူအယောက် ၃၀၀၊ အာရပ်နိုင်ငံ၁၈ နိုင်ငံ ၊ အာရပ်နိုင်ငံများ အဖွဲ့ချုပ်အပြင် အာရပ်နိုင်ငံများအသံလွှင့်သမဂ္ဂ တို့လည်းတက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.