Connect with us

Economy

ကြိုးစားအားထုတ်မှု နှင့် လုံလဝီရိယရှိခြင်းက မသန်စွမ်း ဇနီးမောင်နှံအတွက် ကောင်းမွန်သော လူနေမှု ဘဝကို ဖြစ်ပေါ်စေခဲ့

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဝူရွှမ်းကောင်တီရှိ Shangtang ကျေးရွာတွင် စစ်ကျွင်ဟွာက စပါးစိုက်ခင်းတွင် ဆေးဖျန်းနေမှုအား ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝူရွှမ်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) 

၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သော မသန်စွမ်း ဇနီးမောင်နှံ လုယွမ်ယုံနှင့် စစ်ကျွင်ဟွာတို့သည် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြပြီး ၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု တစ်စု အဖြစ် မှတ်ပုံတင်ခြင်းခံခဲ့ကြသည်။

မသန်စွမ်း ဇနီးမောင်နှံ လုယွမ်ယုံ နှင့် စစ်ကျွင်ဟွာတို့သည် မိသားစု ငွေရေးကြေးရေး အခြေအနေ တိုးတက်လာစေရေးအတွက် ကိုယ်ပိုင်လုပ်ငန်း စတင်ရန် ၂၀၁၆ ခုနှစ်တွင် အတိုးနှုန်းနည်းပါးသော ချေးငွေ ယွမ် ၅၀,၀၀၀(အမေရိကန်ဒေါ်လာ ၇,၀၅၈ ခန့်)အား ချေးယူခဲ့ပြီး ၎င်းတို့သည် နွားသုံးကောင်နှင့် ဘဲအကောင်ရေ ၆၀၀ ကျော်ကို မွေးမြူခဲ့ရုံသာမက ပြောင်း ၊ စပါး နှင့် မြေပဲတို့ကိုလည်း စိုက်ပျိုးခဲ့ကြသည်။

စစ်ကျွင်ဟွာက ယောက်ျားဖြစ်သူ လုယွမ်ယုံအား ငါးစာကျွေးရန် လုပ်ဆောင်နေမှုအား ဝိုင်းဝန်း ကူညီပေးနေစဉ်(ဆင်ဟွာ) 

စိုက်ပျိုးရေးထွန်စက်အား ပြင်ဆင်နေသော လုယွမ်ယုံအား တွေ့ရစဉ်(ဆင်ဟွာ) 

မသန်စွမ်း ဇနီးမောင်နှံ လုယွမ်ယုံ နှင့် စစ်ကျွင်ဟွာတို့ နေအိမ်၌ နေ့လည်စာ စားသောက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ) 

လုယွမ်ယုံ နှင့် စစ်ကျွင်ဟွာတို့နှစ်ဦး နွားစာမြက်ခုတ်လုပ်ကိုင်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

လုယွမ်ယုံ နှင့် စစ်ကျွင်ဟွာတို့သည် နေအိမ်၌ မွေးမြူထားသော ကြက်များအား အစာကျွေးနေမှုအား တွေ့ရစဉ်(ဆင်ဟွာ) 

လုယွမ်ယုံ နှင့် စစ်ကျွင်ဟွာတို့နှစ်ဦး လယ်ယာလုပ်ငန်းခွင် ဝင်ရန် သွားရောက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ) 

ထိုနှစ်ကုန်တွင် ၎င်းတို့မိသားစုသည် ဆင်းရဲနွမ်းပါးသူများ အမှတ်တံဆိပ်အား ဖြုတ်ပစ်နိုင်ခဲ့ပြီး လုက ဆင်းရဲနွမ်းပါးသူ အိမ်ထောင်စု ၂၀ ကျော်အား ဦးဆောင်၍ မွေးမြူရေးလုပ်ငန်းကို မြှင့်တင်ခြင်းဖြင့် ၎င်းတို့အား  ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်နိုင်ရေးအတွက် ကူညီရန် အားထုတ်ခဲ့ကြောင်း သိရသည်။ 

ဒေသတွင်း အာဏာပိုင်များက လုတို့မိသားစုကို ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၏ စံနမူနာတစ်ခု အဖြစ် ၂၀၁၈ ခုနှစ်တွင် အသိအမှတ်ပြုခဲ့ကြသည်။လုတို့ မိသားစုဝင်ငွေသည် ပြီးခဲ့သောနှစ်တွင် ယွမ် ၆၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈,၄၇၈ ခန့်) တိုးလာခဲ့ကြောင်း သိရသည်။ 

“ကြိုးစားအားထုတ်မှုနဲ့လုံလဝီရိယရှိတာက ပိုကောင်းတဲ့ လူနေမှုဘဝကို ရနိုင်ပါတယ်။”ဟု လုယွမ်ယုံက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.