Connect with us

Economy

တရုတ်နိုင်ငံ၏ လှပသောသစ်တောများက ခရီးသွားများကိုဆွဲဆောင်ထားနိုင်ဟုဆို

တရုတ်နိုင်ငံ၏ စွဲဆောင်မှုရှိသော သစ်တောခရီးသွားလုပ်ငန်းနေရာများ၏ အလှပုံရိပ်အချို့အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ၆ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက ခရီးသွားလုပ်ငန်း မြှင့်တင်ရန် တွန်းအားပေးနေချိန်တွင် တရုတ်နိုင်ငံ၏သစ်တောခရီးသွားလုပ်ငန်းသည် ယခုနှစ် ပထမ(၈) လအတွင်း တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရသိရသည်၊၊

ယခုနှစ်ဇန်နဝါရီ မှ ဩဂုတ်လအထိ သစ်တောခရီးသွားဉီးရေမှာ ၁.၂ ဘီလီယံထိရှိခဲ့ရာ ယခင်နှစ်အလားတူကာလထက် ၁၃ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံသစ်တောနှင့်မြက်ခင်းပြင်ဒေသ စီမံခန့်ခွဲမှုဌာန အရာရှိတစ်ဉီးဖြစ်သူ Cheng Hong ကဆိုသည်။တစ်ချိန်တည်းမှာ ယင်းကာလအတွင်း သစ်တောခရီးသွားလုပ်ငန်းမှ ငွေကြေးသုံးစွဲမှု တရုတ်ယွမ် ၁.၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၅၆ ဘီလီယံ) ထိရှိခဲ့ကြောင်း Cheng ကပြောကြားခဲ့သည်။တရုတ်နိုင်ငံ၏ သစ်တောခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားလျက်ရှိကြောင်း ၊ လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း နှစ်စဉ်ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းထိ ရှိခဲ့ကြောင်း သိရသည်။

 

တရုတ်နိုင်ငံ၏ စွဲဆောင်မှုရှိသော သစ်တောခရီးသွားလုပ်ငန်းနေရာများ၏ အလှပုံရိပ်အချို့အားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စွဲဆောင်မှုရှိသော သစ်တောခရီးသွားလုပ်ငန်းနေရာများ၏ အလှပုံရိပ်အချို့အားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စွဲဆောင်မှုရှိသော သစ်တောခရီးသွားလုပ်ငန်းနေရာများ၏ အလှပုံရိပ်အချို့အားတွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၈ခုနှစ်တွင် လှပသော သစ်တောနေရာများသို့သွားရောက်လည်ပတ်သော ခရီးသည်အရေအတွက်သည် ၁.၆ ဘီလီယံထိရှိခဲ့ရာ လူမှုဘဝအသုံးငွေ တရုတ်ယွမ် ၁.၅ ထရီလီယံကျော် ထိ ရှိခဲ့ကြောင်းသိရသည်။သစ်တောခရီးသွားလုပ်ငန်းသည်ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးနှင့် ကျေးလက်ဒေသလူမှုဘဝတိုးတက်ရေးကို တွန်းအားပေးရန် ကြီးမားသောအထောက်အကူပြုမှုတစ်ရပ်ဖြစ်ကြောင်း Cheng ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.