Connect with us

Economy

တရုတ် နိုင်ငံ အမျိုးသားနေ့ အားလပ်ရက် အတွင်း ပြည်တွင်း ခရီးစဉ်ပေါင်း ၇၈၂ သန်း သွားလာခဲ့

တရုတ် နိုင်ငံ အမျိုးသားနေ့ အားလပ်ရက် အတွင်း ပြည်တွင်း ခရီးသွားလာမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသားနေ့ အားလပ်ရက် ခုနှစ်ရက် အတွင်း ပြည်တွင်း ခရီးစဉ် စုစုပေါင်း ၇၈၂ သန်း သွားလာခဲ့ရာ ပြီးခဲ့သည့်နှစ်ကထက် ၇ ဒသမ ၈၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ အားလပ်ရက် အောက်တိုဘာ ၁ ရက်မှ ၇ ရက် အတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယွမ် ၆၅၀ ဘီလီယံ နီးပါး(အမေရိကန် ဒေါ်လာ ၉၀ ဒသမ ၉၄ ဘီလီယံခန့်) ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၈ ဒသမ ၄၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဝန်ကြီးဌာနမှ သိရသည်။

 တရုတ် နိုင်ငံ အမျိုးသားနေ့ အားလပ်ရက် အတွင်း ပြည်တွင်း ခရီးသွားလာမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

 တရုတ် နိုင်ငံ အမျိုးသားနေ့ အားလပ်ရက် အတွင်း ပြည်တွင်း ခရီးသွားလာမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

 တရုတ် နိုင်ငံ အမျိုးသားနေ့ အားလပ်ရက် အတွင်း ပြည်တွင်း ခရီးသွားလာမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ လာရောက် လည်ပတ် ကြည့်ရှုကြသည့် ပြည်တွင်း ခရီးသွားများမှာ အထူးပင် များပြားခဲ့ပြီး ထိုကာလ အတွင်း ပြည်တွင်း ခရီးသွား အားလုံး၏ ၇၈ ဒသမ ၈၄ ရာခိုင်နှုန်း ရှိကြောင်း ဝန်ကြီးဌာန၏ စာရင်းဇယားများ အရ သိရသည်။ 

ယဉ်ကျေးမှု နှင့် သမိုင်းရေးရာ ရည်ရွယ်ချက်များဖြင့် ခရီးသွားကြသူများက ၆၆ ဒသမ ၄ ရာခိုင်နှုန်းခန့် လည်ပတ်မှု ရှိပြီး ညဘက် လည်ပတ်သွားလာမှု မှာ ၄၄ ဒသမ ၉၆ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသားများသည် အားလပ်ရက် ကာလ အတွင်း ပြည်ပ အလည်အပတ် ခရီးစဉ် ၇ သန်းကျော်ကို သွားလာမှု ရှိခဲ့ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.