Connect with us

Economy

တရုတ်နိုင်ငံ တွင် ၂၀၁၅ အကုန်၌ လေစွမ်းအင် ထုတ်လုပ်မှု ပမာဏ ၁၂၀ ဂစ်ဂါဝပ် အထိရှိ လာမည်

တရုတ်နိုင်ငံ ဟဲပေပြည်နယ်ရှိ လေစွမ်းအင် ထုတ်လုပ်သော ရဟတ် များကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ လေစွမ်းအင် ထုတ်လုပ်မှု ပမာဏသည် ၂၀၁၅ ခုနှစ် အကုန်တွင် ၁၂၀ ဂစ်ဂါဝပ် ရှိလာမည် ဖြစ်ကြောင်း အမျိုးသား စွမ်းအင် စီမံခန့်ခွဲရေး (National Energy Administration=NEA) ၏ စာရင်း ဇယားများ အရ သိရသည်။

NEA ၏ နှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ဌာန ဒုတိယ ညွှန်ကြားရေးမှူး ကျူမင်းက လေစွမ်းအင်ဖြင့် ထုတ်လုပ် နိုင်စွမ်းသည် ယခုနှစ် ဇွန်လကုန်၌ ၁၀၅ ဂစ်ဂါဝပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။

၎င်းက လေစွမ်းအင်သည် နိုင်ငံ့ လျှပ်စစ်အား ထောက်ပံ့မှုတွင် အရေးပါသော အပိုင်းဖြစ်လာကြောင်းနှင့် ယင်းအတွက် ပိုမိုကောင်း မွန်သော နည်းပညာ နှင့် စီမံခန့်ခွဲမှု တို့အပြင် ထောက်ပံ့ငွေများလည်း ပိုမို လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် အကုန်တွင် ရုပ်ကြွင်းလောင်စာ မဟုတ်သော စွမ်းအင်များအား နိုင်ငံ၏ ပင်မစွမ်းအင် သုံးစွဲမှု ပမာဏ၏ ၁၅ ရာခိုင်နှုန်း အထိ တိုးလာနိုင်ရန် နှင့် စွမ်းအင် ထုတ်လုပ်မှု တွင်လည်း ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အချိုးအစား တိုးမြင့်လာစေရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)