Connect with us

Economy

တရုတ်နိုင်ငံ ဘဏ် မှ အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးလာ စေရန် ဇမ်ဘီယာ သို့ အမေရိကန် ဒေါ်လာ သန်း ၃၀ ချေးငွေ ပေးအပ်

ဇမ်ဘီယာနိုင်ငံ မြို့တော် လူဆာကာအနီး တရုတ်-ဇမ်ဘီယာ ဖက်စပ် လုပ်ကိုင်သည့် လယ်ယာမြေ တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

လူဆာကာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးဘဏ် သည် ဇမ်ဘီယာ နိုင်ငံရှိ အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး လာစေရန် ရည်ရွယ်၍ ဇမ်ဘီယာ ဖွံ့ဖြိုးရေးဘဏ် သို့ အမေရိကန် ဒေါ်လာ သန်း ၃၀ ချေးငှား ပေးမည့် စာချုပ်အား လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။

နှစ်ဖက် အဖွဲ့အစည်း သည် သဘော တူညီချက် ဆိုင်ရာ လက်မှတ် ရေးထိုးပွဲ ကို ဘဏ္ဍာရေး ဝန်ကြီးဌာန တွင် အောက်တိုဘာလ ၁၆ ရက်က ပြုလုပ်ခဲ့ပြီး ဇမ်ဘီယာ အရာရှိ များနှင့် တရုတ် သံတမန်များ တက်ရောက် ခဲ့ကြောင်းသိရသည်။

ဇမ်ဘီယာ ဖွံ့ဖြိုးရေးဘဏ် ညွှန်ကြား ရေးမှူးချုပ် ဂျာကွတ် လူရှင်ဂါ မှ တရုတ် ဘဏ်မှ ရရှိသော ချေးငွေ များကို စိုက်ပျိုးရေး ဆိုင်ရာ စက်မှုလုပ်ငန်း သတ္တုတွင်း ကဏ္ဍရှိ အသေးစား နှင့် အလတ်စား လုပ်ငန်းများ အားပြန်လည် ချေးငှား ပေးသွားမည် ဖြစ်ကြောင်း နှင့် အနည်းဆုံး စီမံကိန်း ၅၀ ခန့် သည် ထို ချေးငှားခြင်း မှ တစ်ဆင့် အကျိုးအမြတ် ရရှိမည်ဟု ခန့်မှန်းကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ၏ ချေးငွေအား တစ်နှစ် လျှင် အတိုးနှုန်း ၅.၅ ရာခိုင်နှုန်း ဖြင့် ပြန်လည် ပေးဆပ် ရမည်ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

ဇမ်ဘီယာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ် ယန်ယိုမင်း မှ ထို့သို့ ချေးငွေ ပေးအပ်ခြင်းသည် နှစ်နိုင်ငံ အကြား စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ၏ အပြု သဘောဆောင်သည့် အမှတ်သင်္ကေတ ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇမ်ဘီယာ ဘဏ္ဍာရေး ဝန်ကြီး အလက်စန္နား ချစ်ခ်ဝမ်ဒါ က အဆိုပါ ချေးငွေသည် ဇမ်ဘီယာ ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အရှိန် အဟုန်မြင့် စေကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117