Connect with us

Economy

ရှန်ဟိုင်းရှိ ကမ္ဘာ့ ကုန်စည်ပြပွဲ ပြတိုက်ကို အများပြည်သူအတွက် ဖွင့်လှစ်

ရှန်ဟိုင်းရှိ ကမ္ဘာ့ ကုန်စည်ပြပွဲ ပြတိုက် ညဖက် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ ကမ္ဘာ့ ကုန်စည်ပြပွဲ ပြတိုက် (World Expo Museum) ကို အများပြည်သူအတွက် မေလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်း ပြတိုက်သည် ၂၀၁၀ ခုနှစ်က ဖွင့်လှစ်ခဲ့သော ရှန်ဟိုင်း ကမ္ဘာ့ ကုန်စည်ပြပွဲ (Shanghai World Expo) နေရာဟောင်း၌ တည်ရှိသည်။ ကမ္ဘာပေါ်တွင် ကုန်စည်ပြပွဲများအတွက် တစ်ခုတည်းသော တရားဝင် ပြတိုက်ကြီးနှင့် မှတ်တမ်း စင်တာ ဖြစ်ပြီး ပဲရစ် အခြေစိုက် Bureau International des Expositions (BIE) က လုပ်ပိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ထို ပြတိုက်ကို ရှန်ဟိုင်း စည်ပင်သာယာ အစိုးရနှင့် BIE တို့က ပူးပေါင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပြပွဲ ဖွံ့ဖြိုးမှု သမိုင်းကို ပြသသည့် ပထမဆုံး ပြတိုက်ဖြစ်လာခဲ့သည်။

ပြတိုက်တွင် အမြဲတမ်း ကုန်စည်ပြပွဲ ပြုလုပ်နိုင်မည့် ခန်းမ ၈ ခု ပါဝင်ပြီး အကျယ်အားဖြင့် စတုရန်းမီတာ ၉၀၀၀ ကျယ်ဝန်းကြောင်း၊ ကမ္ဘာပေါ်ရှိ စုစည်းမှုပေါင်း ၃၀၀၀ ကျော်အား ခင်းကျင်းပြသထားကြောင်း သိရသည်။

အဆိုပါ ပြတိုက်သည် ရှန်ဟိုင်း၏ ယဉ်ကျေးမှုဆိုင်ရာ ပြယုဂ်သစ် တစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.