Connect with us

Economy

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော ထျန်းကျင်းမြို့မှ ထွက်ခွာ


ထျန်းကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော MSC Gulsun သည် ဇူလိုင်လ ၈ ရက်က တရုတ်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်သော ထျန်းကျင်းမှ ဥရောပတိုက် အနောက်မြောက်သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ MSC Gulsun သည် ကုန်အလေးချိန် အများဆုံး ၂၂၄,၉၈၆.၄ တန်တင်နိုင်ပြီး ကွန်တိန်နာတင်အလေးချိန်ယူနစ် ၂၂၄,၉၈၆.၄ TEUs သယ်ယူပို့ဆောင်နိုင်ကြောင်း MSC Mediterranean Shipping ကုမ္ပဏီဆိုင်ရာ Greater China ၏ မန်နေဂျင်းဒါရိုက်တာ ဂျိုနက်သန်ကျူ (Jonathan Zhu) ၏ ပြောကြားချက်အရ သိရသည်။

MSC Gulsun သည် ၃၉၉.၉ မီတာရှည်လျားကာ ၆၁.၅ မီတာ ကျယ်ဝန်းပြီး ချင်းသောင်၊ ရှန်ဟိုင်း၊ အယ်လ်ဂီစီရတ်စ်၊ ဂျီဒန့်စ်၊ ကာလင်နင်ဂရတ်နှင့် ရော့တာဒမ် မြို့များ အပါအဝင် ဆိပ်ကမ်းများစွာသို့ သွားရောက်ပြီးနောက် ဥရောပတိုက် အနောက်မြောက်ပိုင်းတွင် ဆိုက်ကပ်ရန် လျာထားကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော MSC Gulsun အား တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော MSC Gulsun အား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ သင်္ဘော၏ပထမဆုံးပင်လယ်ခရီးအတွင်း သံမဏိ၊ ပရိဘောဂနှင့် ဓာတုပစ္စည်းများ အပါအဝင် ကုန်စည်များ တင်ဆောင်လာကြောင်း China Ocean Shipping Agency Tianjin ကုမ္ပဏီလိမိတက် အထွေထွေမန်နေဂျာ Yu Lei က ပြောခဲ့သည်။

သင်္ဘောအနေဖြင့် ပင်လယ်ခရီးကို ထျန်းကျင်းဆိပ်ကမ်းမှ စတင်ခဲ့ရခြင်းမှာလည်း ထိုမြို့က တရုတ်နိုင်ငံ မြောက်ပိုင်း၏ အရေးပါသော ဂိတ်ပေါက်တစ်ခုဖြစ်သောကြောင့်ဖြစ်ကြောင်း ကျူးက ဆိုသည်။

နိုင်ငံနှင့် ဒေသပေါင်း ၁၈၀ ကျော်ဖြင့် ကုန်သွယ်မှုချိတ်ဆက်ထားသည့် အဆိုပါဆိပ်ကမ်းက တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

MSC Gulsun သင်္ဘောအား တောင်ကိုရီးယားနိုင်ငံ ဆမ်ဆောင်းအုပ်စုဝင် Samsung Heavy Industries က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.