Connect with us

Economy

တရုတ်နိုင်ငံသုံး ယွမ်ငွေ က ကမ္ဘာအနှံ့အသိအမှတ်ပြုခံရသည့် အခြေအနေသို့ရောက်ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲဘေးပြည်နယ်၊ ရှီးကျားကျွမ်းမြို့တွင် အခမ်းအနားတစ်ခုအတွင်း ယွမ်ငွေ No. J000000001 အမှတ်တရငွေစက္ကူအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

နိုင်ငံတကာငွေကြေးဈေးကွက်တွင် သတိပြုမိကြသည်ဆိုသောအနေအထားတွင်သာရှိခဲ့သည့်ငွေကြေး အဖြစ်မှသည်ယခုအခါကမ္ဘာအနှံ့အသိအမှတ်ပြုခံရသည့်အခြေအနေသို့ရောက်ရှိလာခဲ့သော ငွေကြေး တစ်မျိုးကိုဖေါ်ပြပါဆိုလျှင် တရုတ်နိုင်ငံသုံးငွေကြေးဖြစ်သော ယွမ်ငွေ ကို ရည်ညွှန်း ဖေါ်ပြရပေမည်။ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အဆင့်တွင်တရုတ်ယွမ်ငွေ ပါဝင်မှုတိုးမြင့်လာခြင်းကလည်း တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားနှင့်ပြောင်းလဲမှုမရှိနိုင်သောတံခါးဖွင့်စီးပွားရေးလုပ်ငန်းစဉ်တိုးတက်မှု တို့အားဖေါ်ပြနေ ခြင်းလည်းဖြစ်ပေသည်။

၂၀၀၉ ခုနှစ်၊ဇူလိုင်လတွင်တရုတ်ယွမ်ငွေ၏ ကမ္ဘာ့ဈေးကွက်တွင်ပါဝင်မှုခရီးလမ်းကြောင်းကို ရှေ့ပြေး အစီအစဉ်တစ်ရပ်နှင့်အတူ စတင်ခဲ့သည် မှစ၍ နယ်စပ်ကုန်သွယ်ရေးများတွင် ယွမ်ငွေအသုံးပြုမှုများ၊ ယွမ်ငွေသုံးစွဲမှုပမာဏ ကမ္ဘာ့ပင်လယ်ရပ်ခြားအနှံ့တွင် လျှင်မြန်စွာတိုးတက်လာမှုများ၊နိုင်ငံတကာကုန် သွယ်ရေးတွင် ယွမ်ငွေကိုကျယ်ပြန့်စွာအသုံးပြုလာမှုများ၊သာမန်ငွေကြေးတစ်ရပ်အနေနှင့်သာမကအရံ ငွေကြေးတစ်ရပ်အဖြစ်ပါရပ်တည်လာနိုင်မှုများ ကိုတွေ့ရှိခဲ့ရသည်။

People’s Bank of China ဘဏ်ရုံးချုပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်မင်တက္ကသိုလ်(Renmin University) ၌နိုင်ငံတကာငွေကြေးဆိုင်ရာဖိုရမ်က ၂၀၁၉ခုနှစ်တွင်ထုတ် ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်အရ ယွမ်ငွေအားနိုင်ငံတကာက လက်ခံအသုံးပြုမှုအညွှန်းကိန်း(RII) က၂၀၁၈ ခုနှစ်အကုန်တွင် ၂ ဒသမ ၉၅ ရာခိုင်နှုန်း ရှိလာခဲ့ကြောင်းကမ္ဘာ့ငွေရေးကြေးရေးအသုံးပြုမှု၌ ယွမ်ငွေ၏ပါဝင်မှုဝေစုကို ယွမ်ငွေတိုးတက်မှုလမ်းကြောင်းကိုလေ့လာပါကတွေ့မြင်နိုင်သည်။

ကမ္ဘာ့ငွေကြေးဈေးကွက်တွင်အမေရိကန်ဒေါ်လာငွေ၏ လွှမ်းမိုးနိုင်မှုက တန့်နေခဲ့သော်ငြားလည်းယွမ် ငွေကမူ လွန်ခဲ့သောဆယ်နှစ်က ကမ္ဘာ့ငွေကြေးဈေးကွက်၏ သုည ဒသမ ၀၂ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုအခါ ခုန်ပျံကျော်လွှားတိုးတက်လာခဲ့ခြင်းလည်းဖြစ်ကြောင်းတွေ့ရပေမည်။နိုင်ငံတကာငွေရေးကြေးရေးဆိုင်ရာအရောင်းအဝယ်အေဂျင်စီတစ်ခုဖြစ်သော SWIFT ကထုတ်ပြန်ခဲ့ သည့်အခြားအစီရင်ခံစာတစ်ရပ်တွင်လည်း မေလတွင်ကမ္ဘာ့ငွေကြေးဆိုင်ရာပေးချေမှုများ၌ ယွမ်ငွေ ပါဝင်မှုပမာဏက ၁ ဒသမ ၉၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းဖေါ်ပြခဲ့သည်။ ထို့ကြောင့်လည်းယွမ် ငွေက အမေရိကန်ဒေါ်လာ၊ယူရိုငွေ၊ပေါင်စတာလင်နှင့်ဂျပန်ယန်းငွေတို့ပြီးလျှင် ပြည်တွင်းနှင့်နိုင်ငံတ ကာငွေကြေးပေးချေမှုများ၌ ပဉ္စမမြောက်အသုံးအများဆုံးငွေကြေးအဖြစ်ရပ်တည်လာနိုင်ခဲ့သည်။

ငွေကြေးဆိုင်ရာအကဲဖြတ်လေ့လာသူများကလည်း ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်ယွမ်ငွေက ကမ္ဘာ့ ကုန်သွယ်ရေးနှင့်ငွေကြေးဆိုင်ရာစနစ်အတွင်းအရေးကြီးသောကဏ္ဍမှတိုးတက်နေရာယူလာခဲ့နိုင်ခြင်းက တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင်ရှိနေပြီး ယွမ်ငွေ၏ ငွေကြေးဈေးကွက်လွှမ်းမိုးမှုမှာလည်းမြင့်တက်လာခြင်းဖြစ်ကြောင်းပြောကြားခဲ့ကြသည်။

ဂျာမနီနိုင်ငံ Dusseldorf မြို့ရှိ Breuninger စတိုးတွင် ဈေးဝယ်သူတစ်ဦးက အလီဘာဘာ၏ Alipay အသုံးပြုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ခိုင်မာသောစီးပွားရေးအခြေခံမူဝါဒများ

ငွေကြေးတစ်ခု၏အင်အားဆိုသည်မှာဆန်းစစ်လေ့လာကြည့်ပါကထိုနိုင်ငံ၏စီးပွားရေးဆောင်ရွက်မှုဖြင့် ကျောထောက်နောက်ခံပြုထားခြင်းဖြစ်ကြောင်းတွေ့ရှိရပေမည်။ရန်မင်တက္ကသိုလ်၊နိုင်ငံတကာငွေကြေးအဖွဲ့အစည်း၏ဒုတိယညွှန်ကြားရေးမှူးဝမ်ဖန်(Wang Fang)က ယွမ်ငွေအား တရုတ်နိုင်ငံ၏ခိုင်မာသောစီးပွားရေးအခြေခံမူဝါဒများနှင့် ကမ္ဘာ့အကြီးမားဆုံးကုန်ပစ္စည်း များကို ကုန်သွယ်ရောင်းဝယ်သည့်နိုင်ငံဟူသော အဆင့်အတန်းနှင့်အည်ီကျယ်ပြန့်စွာအဓိကအားဖြင့် အသုံးပြုနေကြောင်းပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိနှစ်များအတွင်း တရုတ်နိုင်ငံ၏စီးပွားရေးက နှစ်စဉ်ပျမ်းမျှ ၇ ဒသမ ၈ ရာခိုင်နှုန်းဖြင့်ကျယ်ပြန့်တိုးတက်လာနေကြောင်း နိုင်ငံတကာငွေကြေးဆိုင်ရာဖိုရမ် ၂၀၁၉ ၏အစီရင် ခံစာအရသိရသည်။၎င်းကြောင့်လည်း ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ ၃၀ ရာခိုင်နှုန်းကျော်ကို နှစ်ပေါင်း များစွာ တရုတ်နိုင်ငံကအထောက်အကူပြုနိုင်ခဲ့သည်။

တရုတ် ယွမ်ငွေအား နိုင်ငံတကာအရန်ပိုင်ဆိုင်မှု (SDR) ငွေကြေးစနစ်၏ ငွေကြေးအသစ်တစ်ရပ် အဖြစ် ထည့်သွင်းကြောင်းကြေညာသည့်အခမ်းအနား၌ IMF မန်နေဂျင်းဒါရိုက်တာ ခရစ္စတင်းလာဂါဒီအား တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်အတွင်းအမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးတင်းမာမှုများစတင်ဖြစ်ပွားခဲ့သော်လည်းတရုတ် နိုင်ငံအနေဖြင့် ၎င်း၏စီးပွားရေးကိုတည်ငြိမ်မှုနှင့်တိုးတက်မှုလမ်းကြောင်းပေါ်တွင်ရှိနေစေရန်ထိန်းထား နိုင်ခဲ့သည်။ ဆက်လက်၍လည်း ၎င်း၏ငွေကြေးဆိုင်ရာဈေးကွက်ကို တံခါးဖွင့်မူဝါဒဖြင့်ဆက်လက်ကျင့် သုံးဆောင်ရွက်ခဲ့ပြီး ၎င်း၏ကဏ္ဍကိုလည်းကမ္ဘာ့စီးပွားရေးတိုးတက်မှုကိုတွန်းအားပေးနေသောမောင်း နှင်အားအဖြစ် ခိုင်မာစွာရပ်တည်စေခဲ့သည်။

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့(IMF)က ယခုနှစ်အတွက်ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို သုည ဒသမ ၂ ရာခိုင် နှုန်းလျှော့ချကာ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဟုဧပြီလအတွင်း ၌လျှော့ချခန့်မှန်းခဲ့သော်လည်း တရုတ်နိုင်ငံ၏စီးပွားရေးကိုမူ ဇန်နဝါရီလတွင်မူလခန့်မှန်းချက်ထက် သုည ဒသမ ၁ ရာခိုင်နှုန်းတိုးမြှင့် ကာ ၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာမည်ဟုခန့်မှန်းခဲ့သည်။တည်ငြိမ်သောနိုင်ငံစီးပွားရေးတိုးတက်မှုက ယွမ်ငွေ၏အင်အားခိုင်မာမှုကိုလည်းအထောက်အကူဖြစ် စေမည်ဖြစ်ကာ ကမ္ဘာ့ကုန်သွယ်ရေးပြုလုပ်နေကြသူများအား ပိုမို၍ဆွဲဆောင်မှုလည်းပြုလုပ်နိုင်လိမ့် မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီသော လူဦးရေအတွက် များပြားသောသွင်းကုန်ပစ္စည်းများလိုအပ်မည် ဖြစ်သော်လည်း တစ်ချိန်တည်းတွင်ကုန်ပစ္စည်းများကုန်သွယ်မှု၌တရုတ်နိုင်ငံ၏ခိုင်မာသောစီးပွားရေးက အထူးသဖြင့်စက်မှုလုပ်ငန်း ကဏ္ဍ၌ပို့ကုန်တိုးမြင့်စေမှုအား ဖြစ်ပေါ်စေနိုင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင်တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေး၌ ပို့ကုန်တင်ပို့ရောင်းချနိုင်မှုမှာ ၂၀၁၇ ခုနှစ်က ထက် ၉ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ကာ ယွမ်ငွေ ၃၀ ဒသမ ၅၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ထရီလီယံ)အထိ စံချိန်တင်တိုးတက်ခဲ့ရာ ယွမ်ငွေအားနိုင်ငံတကာမှအသုံးပြုမှုအတွက်နောက် ကွယ်မှအဓိကတွန်းအားဖြစ်ခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများနှင့် တံခါးဖွင့်ဝါဒ မရပ်မနားလုပ်ဆောင်ခြင်း

ယွမ်ငွေအား ကမ္ဘာလုံးဆိုင်ရာမှန်ကန်သောငွေကြေးတစ်ခုအဖြစ် ပြုလုပ်မည်ဟု ကတိပြုထားခဲ့သည့် တရုတ်အာဏာပိုင်များက နှစ်ပေါင်းများစွာ ပြုပြင်ပြောင်းလဲရေးအတွက် တည်ငြိမ်သောဆောင်ရွက်မှု များပြုရန်နှင့် နိုင်ငံ၏ငွေကြေးဈေးကွက်တံခါးဖွင့်ဝါဒကျင့်သုံးရန် ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ရိုးရိုးသာမန်ငွေကြေးအဖြစ်မှ နိုင်ငံတကာငွေကြေးရင်းနှီးမြှုပ်နှံသည့်ငွေကြေးအ ဖြစ်သို့လုပ်ဆောင်ခဲ့ရာတွင်၎င်း၏နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းပုံစံစနစ်အား မြှင့်တင်မှုနှင့်ဘဏ်အချင်း ချင်းငွေချေးစာချုပ်နှင့် Forex ငွေကြေးဈေးကွက်များ ပွင့်လင်းမှုကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်ခဲ့ပြီး ယွမ်အား ပိုမိုလွတ်လပ်စွာ အသုံးပြုရန်လုပ်ဆောင်ခဲ့သည်။

ဤတိုးတက်မှုအား အသိအမှတ်ပြုမှုအဖြစ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်းနှင့် ဗြိတိန်ပေါင်စတာလင်ငွေတို့နှင့်အတူ ယွမ်ငွေအား ငါးခုမြောက် ငွေကြေးတစ်ခု အဖြစ် ၎င်း၏ နိုင်ငံတကာအရန်ပိုင်ဆိုင်မှု (Special Drawing Rights= SDR) ငွေကြေးစနစ်သို့ ၂၀၁၆ ခုနှစ်က ထည့်သွင်းခြင်းလည်း ပါဝင်ခဲ့သည်။

SDR ဆိုသည်မှာ အဖွဲ့ဝင်နိုင်ငံများ၏ တရားဝင်ငွေကြေးများတွင် ဖြည့်စွက်သည့် အသုံးနိုင်သည့် နိုင်ငံတကာ ငွေကြေးတစ်ခုဖြစ်သည်။ ၎င်းငွေကြေးဖြင့် အစိုးရများအကြား လိုအပ်ချိန်တွင် လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖလှယ်နိုင်ပြီဖြစ်သလို ယွမ်ငွေဝင်ရောက်လာမှုက ကမ္ဘာလုံးဆိုင်ရာချီတက်ရေးတွင် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပေသည်။

ထိုအချိန်မှစ၍ တရုတ်နိုင်ငံက ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုပမာဏ တိုးမြှင့်ခြင်း၊ ရှန်ဟိုင်း-ဟောင်ကောင်၊ ရှန်းကျန့်-ဟောင်ကောင်နှင့် ရှန်ဟိုင်း-လန်ဒန် စတော့ခ် ချိတ်ဆက်မှုများကဲ့သို့ စတော့ခ်အိတ်ချိန်းများအကြား ချိတ်ဆက်အစီအစဉ်များ မိတ်ဆက်ခြင်းနှင့်အတူ ယွမ်ငွေ၏ ကျယ်ပြန့်စွာအသုံးပြုမှုအတွက် တွန်းအားပေးရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။

တရုတ်ငွေကြေးက နိုင်ငံသားမဟုတ်သူများ၏ သုံးစွဲမှုအတိုင်းအတာပေါ်မူတည်သည့် နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးသြဇာအာဏာနှင့် လိုက်လျောညီထွေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နိုင်ငံခြားငွေကြေးလဲလှယ်မှု ဈေးကွက်တွင် ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံသားမဟုတ်သူများအတွက် စွန့်စားမှုအား စီမံခန့်ခွဲရန်နှင့် ၎င်းတို့၏ယုံကြည်မှုရရှိရန် ထုတ်ကုန်များအား ကမ်းလှမ်းရန် နိုင်ငံခြားငွေကြေးဆင့်ပွားမှုများ တိုးတက်ပြောင်းလဲရာတွင် အားထုတ်ကြိုးပမ်းမှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်နေဦးမည်ဖြစ်ကြောင်း ဝမ်က မှတ်ချက်ပြုလိုက်သည်။မည်သို့ပင်ဖြစ်စေ နိုင်ငံ၏စီးပွားရေး တိုးတက်မှုနှင့်အတူ တရုတ်ယွမ်ငွေက ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံတကာက လက်ခံကျင့်သုံးသော ငွေကြေးတစ်ခုအဖြစ် လျင်မြန်စွာရောက်ရှိလာခဲ့သည်ကို လုံးဝမငြင်းနိုင်ဘဲ တွေ့ရှိရပေမည်။ (Xinhua)