Connect with us

Economy

တရုတ်က ကုန်သွယ်မှု တိုးတက်ရေးပုံစံ ချိန်ညှိသွားမည် ဖြစ်ကြောင်း ကုန်သွယ်ရေး ဝန်ကြီး ပြောကြား

တရုတ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီး ကျုံးစန်းအား သတင်းထောက်များက တွေ့ဆုံ မေးမြန်းနေကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပြည်ပ ကုန်သွယ်ရေးတွင် ကုန်သွယ်မှု ပမာဏ လွယ်ကူစွာ ချဲ့ထွင်ခြင်းမှ စနစ်တကျ အရည်အသွေးဆီသို့ တိုးတက်မှုရှိစေရေးဟူသော တိုးတက်မှု ပုံစံ ချိန်ညှိလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးသစ် ကံျုးစန်းက မတ်လ ၃ ရက်က ပြောကြားလိုက်သည်။

ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာန အနေဖြင့် ကုန်သွယ်မှု နိုင်ငံကြီး တစ်နိုင်ငံအဖြစ် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ခိုင်မာစွာ တည်ဆောက်ပြီး အင်အား တိုးတက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၁၂ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ ၅ ကြိမ်မြောက် အစည်းအဝေးနှင့် တွဲလျက်ပြုလုပ်သော အစည်းအဝေးတွင် ကျုံးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ပြည်ပ ကုန်သွယ်မှုသည် လက်ရှိ လများအတွင်း ပြန်လည် တိုးတက်ကာ တည်ငြိမ်လာသော်လည်း နိုင်ငံအချို့တွင် စီးပွားရေး မတည်ငြိမ်မှု ဖြစ်စေသော ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မြင့်တက်မှု လွှမ်းမိုးလာခြင်းနှင့် ဆက်စပ်မှု ရှိနေသေးကြောင်း သိရသည်။၂၀၁၇ နှစ်စတွင် ကောင်းသော အစပျိုးမှု အနေဖြင့် ဇန်နဝါရီ၌ တရုတ်နိုင်ငံ ပြည်ပ ကုန်သွယ်မှုသည် ယွမ် ၂.၁၈ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃၁၆.၄ ဘီလီယံ) ရှိခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် သွင်းကုန် ထုတ်ကုန် ပမာဏသည် ယွမ် ၂၄.၃၃ ထရီလီယံ ရှိခဲ့ကြောင်း သိရသည်။

ကုန်သွယ်ရေး ဝန်ကြီးအသစ် ဖြစ်သော ကျုံးသည် ပြီးခဲ့သည့်လက Gao Hucheng ၏ နေရာတွင် အစားထိုးခန့်အပ်ခြင်း ခံရသူ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.