Connect with us

Economy

ဘိုးရင်း၏ ပထမဆုံး ပြည်ပ စက်ရုံကို တရုတ်နိုင်ငံ ကျိုးစန်းမြို့တွင် တည်ဆောက်မည်

ဘိုးရင် ၇၃၇ လေယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဘိုးရင်းနှင့် တရုတ်နိုင်ငံ လေယာဉ် ထုတ်လုပ်သူ Commercial Aircraft Corporation of China Ltd. (COMAC) တို့သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျိုးစန်းမြို့၌ ဘိုးရင်း ၇၃၇ (Boeing 737) တပ်ဆင်ရေး စင်တာ တစ်ခုအား မတ်လကုန်တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် ပထမဆုံး လေယာဉ်အား ၂၀၁၈ ခုနှစ်တွင် တပ်ဆင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုလို ပြုလုပ်ခြင်းသည် ဘိုးရင်း၏ ထုတ်လုပ်မှု စနစ်တွင် ပထမဆုံး ပြည်ပ အခြေစိုက် အစိတ်အပိုင်း ဖြစ်ကြောင်း၊ တစ်နှစ်လျှင် ဘိုးရင်း ၇၃၇ လေယာဉ် ၁၀၀ စင်း ပုံစံ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

အဆိုပါ ဖက်စပ် တပ်ဆင်ရေး စင်တာမှ ထုတ်လုပ်မည့် ဘိုးရင်း ၇၃၇ လေယာဉ်တွင် လေကြောင်း ဖျော်ဖြေရေး စနစ်များနှင့် ထိုင်ခုံများ ထည့်သွင်း တပ်ဆင်မည် ဖြစ်သည်။ ကျိုးစန်းရှိ ယင်း စက်ရုံသည် ရှန်ဟိုင်းမြို့ အရှေ့တောင်ဘက် ၂၈၇ ကီလိုမီတာ အကွာတွင် တည်ရှိပြီး ဘိုးရင်း လေယာဉ်များအတွက် ဆေးသုတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း စသည့် ဝန်ဆောင်မှုများ လုပ်ဆောင်ပေးမည် ဖြစ်သည်။

ကျိုးစန်းတွင် တည်ထောက်မည့် စက်ရုံတွင် ဘိုးရင်းနှင့် COMAC တို့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထို သဘောတူညီချက်တွင် ဘိုးရင်းနှင့် COMAC ဖက်စပ် တည်ထောင်ထားသည့် ၇၃၇ တပ်ဆင်ရေး စင်တာနှင့် ဘိုးရင်းပိုင် ၇၃၇ ဖြန့်ချိရေး စင်တာတို့ ပါဝင်ကြောင်း သိရသည်။

၇၃၇ လွှဲပြောင်းရေး စင်တာအား မတ်လကုန်ပိုင်းတွင် စတင်တည်ဆောက်မည် ဖြစ်သည်။

ကျိုးစန်းတွင် လေယာဉ် ထုတ်လုပ်နိုင်ရန်အတွက် Putuoshan လေဆိပ်အား ယွမ် ၇၅၀ သန်း (အမေရိကန် ဒေါ်လာ ၁၀၈ သန်း) ချဲ့ထွင်နေမှု ပြီးစီးပါက အပြည်ပြည်ဆိုင်ရာ လေဆိပ် တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ကျိုးစန်းရှိ လေယာဉ် အခြေစိုက်စခန်းသည် တပ်ဆင်ခြင်း၊ လွှဲပြောင်းခြင်းနှင့် ၂၀၂၅ ခုနှစ်အထိ လေယာဉ် စင်းရေ ၆၀၀ ပြုပြင်မွမ်းမံခြင်း စသည့် လေယာဉ် ထုတ်လုပ်ခြင်း လုပ်ငန်း တစ်ခုလုံးအတွက် ကောင်းစွာ ထောက်ပံ့မှု ပေးနိုင်မည် ဖြစ်သည်။

ကျိုးစန်းမြို့သည် ကျဲ့ကျန်းပြည်နယ်ရှိ ကျွန်းစုမြို့ တစ်မြို့ဖြစ်ပြီး တရုတ်နိုင်ငံရှိ အကြီးဆုံး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သည့် မြို့ ဖြစ်သလို သင်္ဘောတည်ဆောက်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးသည့် မြို့လည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.