Connect with us

Economy

တရုတ်နိုင်ငံသည် နောင်လာမည့် ၅ နှစ်အတွင်း အမေရိကန် ဒေါ်လာ ၁၀ ထရီလီယံ တန်ဖိုးရှိ သွင်းကုန်များ တင်သွင်းမည်

တရုတ်နိုင်ငံ ခွမ်းရှန်းမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်သွင်းကုန် ကုန်စည် ပြပွဲအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နန်ကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နောင်လာမည့် ၅ နှစ်အတွင်း အမေရိကန် ဒေါ်လာ ၁၀ ထရီလီယံ တန်ဖိုးရှိ သွင်းကုန်များ တင်သွင်းသွားမည် ဖြစ်ကြောင်း နိုင်ငံတကာ ကုန်သွယ်ရေး မြှင့်တင်မှု ဆိုင်ရာ တရုတ်ကောင်စီ (CCPIT) ဥက္ကဋ္ဌ ကျောင်းကျန်းဝေ က မေလ ၁၉ တွင် ပြောကြားခဲ့သည်။

ကျောင်းက ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာ အရပ်ရပ်တွင် ရှိသော ကုန်ထုတ်လုပ်သူများ နှင့် ကုန်သည်များ အတွက် အခွင့်အလမ်းကောင်း များစွာကို ဖန်တီးပေးနိုင်မည်ဟု ထင်မြင် ယူဆပါကြောင်း တရုတ်နိုင်ငံ အရှေ့ပိုင်း ကျောင်းစုပြည်နယ်၊ ခွမ်းရှန်းမြို့တွင် မေလ ၁၉ ရက်က ပြုလုပ်ခဲ့သည့် တရုတ်သွင်းကုန် ကုန်စည် ပြပွဲ၌ ပြောသည်။

၎င်းက တရုတ်နိုင်ငံသည် နောက်လာမည့် ငါးနှစ်အတွင်း ပြည်ပ နိုင်ငံများ၌လည်း အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်သွားမည် ဖြစ်ပြီး အဓိက စီမံကိန်း ရာပေါင်းများစွာ ကိုလည်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကာ နိုင်ငံခြား ကုမ္ပဏီ များအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များစွာကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ဆိုသည်။

၂၀၁၆ ခုနှစ် တရုတ်သွင်းကုန် ကုန်စည်ပြပွဲ၌ ဒေသနှင့် နိုင်ငံပေါင်း ၄၂ ခုမှ စီးပွားရေး လုပ်ငန်း စုစုပေါင်း ၈၇၇ ခု ပါဝင် ပြသခဲ့ကြောင်း သိရသည်။ ယင်းကုန်စည်ပြပွဲအား တရုတ် နိုင်ငံ စီးပွားရေး ဝန်ကြီးဋ္ဌာန၊ CCPIT နှင့် ကျောင်းစု ပြည်နယ် အစိုးရ တို့က ပူးပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.