Connect with us

Economy

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် FAW- Volkswagen စက်ရုံ စတင် တည်ဆောက်

FAW- Volkswagen ကုမ္ပဏီများ၏ အမှတ် တံဆိပ် များကို တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ထျန်းကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ FAW- Volkswagen ကားကုမ္ပဏီက နိုင်ငံ မြောက်ပိုင်းရှိ ထျန်းကျင်း၌ အခြေစိုက်ကာ ၎င်း၏ ထုတ်လုပ်မှုအား မေလ ၁၈ ရက်က စတင်ခဲ့သည်

ယွမ် ၁၉.၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံထားသည့် ကား အစိတ်အပိုင်း တပ်ဆင် ခြင်း စက်ရုံအား တစ်နှစ်လျှင် ကားအပို ပစ္စည်း ၃၀၀,၀၀၀ အား ထုတ်လုပ်ပေးနိုင်ရန် ရည်ရွယ်ထားသည်။

ထျန်းကျင်း စီးပွားရေး- နည်းပညာဆိုင်ရာ ဖွံ့ဖြိုးမှု ဧရိယာအတွင်းရှိ စတုရန်းမီတာ ၁.၀၈ သန်း၌ တည်ဆောက် ထားသည့် စက်ရုံ၌ အလုပ်အကိုင် ၆,၀၀၀ အား ဖန်တီးပေးနိုင်မည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် နှစ်စဉ် ကား ၃ သန်း ထုတ်လုပ်မည် ဟူသော FAW- Volkswagen ရည်မှန်းချက်အား ယခုစက်ရုံက ထောက်ပံ့ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း တရုတ် Volkswagen ကုမ္ပဏီ၏ စီအီးအို ဂျိုချမ် ဟေ့ဇ်မန်းက ပြောသည်။

ထျန်းကျင်း၌ စက်ရုံအသစ် တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံ ကားဈေးကွက်အား ဗောက်စ်ဝက်ဂွန် (Volkswagen) က ယုံကြည်မှု ရှိကြောင်း ပြသရာ ရောက်ကြောင်းနှင့် ဂျာမနီ ကားထုတ်လုပ်သူနှင့် မိတ်ဖက် တရုတ် FAW အုပ်စုတို့အကြား ၂၅ နှစ်တာအတွင်း ပူးပေါင်း ဆောင်ရွက်မှု၏ ရလဒ် တစ်ခုဖြစ်ကြောင်း ဟေ့ဇ်မန်းက ပြောသည်။

FAW- Volkswagen သည် တရုတ်နိုင်ငံ ချန်းချွန်း၊ ချန်ဒူး၊ ဖိုရှန်းနှင့် ချင်းသောင် စသည့် မြို့များ၌ စက်ရုံများ ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ (Xinhua)